Chapter - 9 (Part 3)

Start from the beginning
                                    

ကျင်းရှန့်က ငါ့ကို လက်​ဝှေ့ယမ်းပြီး​တော့ ပြုံးပြတယ်, "မစ္စတာကျူး"

ငါ သူတို့ကိုမသိဘူး။

ငါက ငါ့စကားနား​ထောင်ပြီး​တော့ ငါနဲ့ တစ်သက်လုံးအတူ​နေသွားမယ့် ကြောင်လေးတစ်ကောင်ကိုပဲ လိုအပ်တာပါ။ အစာကျွေးဖို့ မေ့သွားတဲ့အတွက် အိမ်ကိုဖျက်ဆီးမယ့် ခွေးမဟုတ်သလို အရာအားလုံးကို ရှုပ်ယှက်ခတ်စေမယ့် လက်ထောက်တစ်ယောက်လည်းမဟုတ်ဘဲ ငါနဲ့ချိန်းတွေ့ဖို့အတွက် တခြားသူတွေကို လိမ်လည်လှည့်ဖြားပြီး ပိုက်ဆံသုံးတဲ့ နတ်ဆိုးလေးတစ်ကောင်လည်း မဟုတ်ဘူး။ ဒါတွေအားလုံးကို ဖြစ်မြောက်အောင် လုပ်ခဲ့တဲ့ ​ကျောင်းကုန်းဇီလည်း မဟုတ်ပါဘူး။

ငါက တစ်ချိန်က ငါ့ကို လှည့်စားပြီး​​တော့ ငါ့ရဲ့ခံစားချက်​တွေကို ကစားခဲ့တဲ့ စန္ဒယားဆရာကို သူ ငါ့ရှေ့မှာ ရပ်ခွင့်မရှိတဲ့အ​ကြောင်းကိုပြဖို့, ငါ လုပ်ခဲ့တဲ့ ရွေးချယ်မှုတွေနဲ့ ငါ ဦး​ဆောင်​နေတဲ့ဘဝအ​ကြောင်းကို သင်ပြဖို့အတွက် ယဥ်​ကျေးတဲ့နည်းလမ်းကို သုံးချင်ခဲ့ရုံပါ။ ဘာလို့လဲဆို​တော့ ငါ့ရဲ့ဘဝက သူ့ထက် အများကြီး ပိုကောင်းလာခဲ့တယ်​လေ။

ငါ သူတို့ကို ကျေးဇူးတင်ပါတယ်။ ငါ အိမ်မက်မက်နေခဲ့တယ်ဆိုတာလည်း သိတယ်။

​ကျောင်းကုန်းဇီက ​ပြောတယ်, "တံခါးအရင်ဖွင့်"

​ကျောင်းကုန်းဇီက ထပ်​ပြောတယ်, "သူတို့နှစ်ယောက်က လုပ်စရာတွေရှိလို့ ထွက်သွားကြပြီ, ​တာ့​​​ထောင်ကို​တော့ကျင်းရှန့်ကို အိမ်လိုက်ပို့ဖို့ ခိုင်းလိုက်တယ်, တံခါးဖွင့်လိုက်​တော့"

​ကျောင်းကုန်းဇီက ​ပြောတယ်, "သန့်စင်ခန်းက နေရာကောင်း မဟုတ်ဘူး​နော်, ​သေလိုက်ပါ​တော့, မင်း ဟိုတယ်သွားပြီး​တော့ အဲ့မှာ ဒေါသထွက်လို့ မရဘူးလား?"

ငါ တံခါးဖွင့်ပြီး​တော့ သူ့ကို စိုက်ကြည့်​နေလိုက်တယ်။

သူက မကျေမနပ်နဲ့ ​ပြောတယ်, "အခုအချိန်က ဘာလဲ? ငါက ဒီည ကျင်းရှန့်နဲ့ လုပ်ငန်းကိစ္စလုပ်ဖို့ရှိတာ မင်းသိတယ်​လေ, သူက ဝိုင်တွေ အများကြီးသောက်ထားတယ်, အဲ့ဒါကြောင့် သူ အစာစားဖို့အတွက် ငါ ဒီကို လိုက်ပို့​ပေးတာ"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now