Part 43

486 13 0
                                    

Zaw//Uni

...This patner... Part (43)

...သုံးထပ်သားပြားကိုဆေးရောင်အမဲချယ်ကာ...ကျောက်သင်ပုန်းပုံစံပြုလုပ်ထားသည်...မြေဖြူနဲ့ရေးထိုးတဲ့..မောင်နဲ့ကျွန်တော့်နာမည်...ကွယ်လွန်သွားတဲ့ဖေဖေနဲ့မေမေကိုရည်ဇူးရင်း..ကျောင်း၊စာတိုက်၊ဆေးခန်းကိုပါ..ဆောက်လှူဖို့..ကျသင်ငွေတွေကို..ရေးထိုးထားသည်....ရွာဝင်လမ်းကမြေကွက်အများအပြားကို..ဝယ်ယူရင်း..ဆောက်လုပ်ရေးအဖွဲ့ကိုပါတစ်ခါထဲမောင်ကရှာလာခဲ့သည်....မြို့ကနေ....ပစ္စည်းသယ်ဖို့အခက်အခဲရှိပေမဲ့ ရွာသူရွာသားများကဝိုင်းဝန်းကာလုပ်ဆောင်ပေးကြသည်...၊..အသက်ကြီးရင့်သူများကဝမ်းပန်တသာနဲ့..မောင်နဲ့ကျွန်တော့်ကိုမေတ္တာများပို့သကြသည်...ဖေဖေပါလိုက်လာခဲ့၍..အရာအားလုံးချောမွေ့ခဲ့သည်...လုပ်သားအင်အားများတဲ့တွက်ကြောင့်အလုပ်ဖြစ်မြောက်သည်...

.."..သားငယ်ဆောက်တာကတော ဟုတ်တယ် ဘယ်မလဲ ဆရာ၊ဆရာဝန်တွေက "

ရေနွေးကြမ်းကိုငှဲ့ရင်းဖေဖေကဆိုသည်

" ဒါကတော့ ပညာဒါနကိုခေါ်ရမှာပဲဖေဖေ ရွာဆိုတော့ တော်ရုံလာကြမှာမဟုတ်ဘူး ဒါပေမဲ့ တရာဝင်တော့ကျွန်တော်လျှောက်ကြည့်မယ် စာကျတော့လဲတစ်မျိုးပေါ့ ဆရာဝန်ကတော့ ဖေဖေ့ကြည့်လုပ်ပေး စားစရာကောနေစရာပါမပူရအောင်သားထားမှာပါ "

မြို့ဆေးရုံမှာ ဖေဖေ ဝင်ထားတဲ့ ရှယ်ယာတွေမှအများကြီးပါ..အုပ်ကြီးကိုချောမော့ပြောရင် ရပါတယ် အဲ့တွက်လဲကျွန်တော်ကပြင်ဆင်ထားပြီးသား

" အေးအေး ဖေဖေမြို့ရောက်ရင်တော့ အကြိုးအကြောင်းပြောမှပဲ "ပဲလို့ဆိုကာ ရေနွေးကိုသောက်ရင်း အလုပ်သမားတွေရှိရာဖေဖေကမျက်စပြစ်ပြသည်...ပုဆိုးတိုတိုဝတ်ကာ..ကျွန်တော်ဝယ်ပေးထားတဲ့အကျီ်လက်ရှည်ကိုကျောသိုင်းရင်း...အုတ်ခဲတွေသယ်နေတဲ့မောင် အလုပ်သမားတွေများတယ်ဝင်မလုပ်နဲ့လို့ပြောတော့လက်သင့်မခံ ညကြရင်သူ့ဆေးလူးပေးရသည်.သူကကိုက်ခဲနေတော့မသိသာပေမဲ့ကျွန်တော်ကအငွေ့ရိုက်ကာ မျက်ရည်တွေပါကျလာသည် အဲ့လိုဖြစ်ရင်တော့သူဆက်မလုပ်ခိုင်းတော့ပေ တစ်လနည်းနည်းရှိတော့မယ် တချို့တဝက်ကပြီးနေပေမဲ့ ရေချိုးခန်းနဲ့အိမ်သာကို မြန်မြန်ဆောက်လုပ်နေကြသည်

This patner..(Season 1+ Season 2) CompletedWhere stories live. Discover now