⚠️Part 29 ⚠️

Zacznij od początku
                                    

ရှိုင်း ရွှန်းရဲ့ကြက်တူရွေးလို တတွတ်တွတ်ပြောနေတဲ့ နှုတ်ခမ်းတွေကို
သူရဲ့နှုတ်ခမ်းတွေနဲ့ နှုတ်ပိတ်ပစ်လိုက်တယ်
ရှိုင်းရဲ့ အနမ်းတွေဟာအချစ်ကို ငတ်နေတဲ့ လူတစ်ယောက်လိုပဲ
စွဲမက်စရာကောင်းပြီး အငမ်းမရဖြစ်လွန်းတယ်
ရွှန်းကလည်း ရှိုင်းကိုပြန်နမ်းတယ်
ရွှန်းအနမ်းတွေက ရှိုင်းထက်ပို ပြင်းတယ်

15 စက္ကန့် လောက်နေတော့ နှစ်ယောက်လုံးမောလာပြီး
ခဏရပ်လိုက်ကြတယ်
နှစ်ယောက်လုံးရဲ့အသက်ရှူသံတွေပြင်းနေတယ်

ရှိုင်းခန့်အောင် : " ရှိုင်း မ ကို ဒေါသဖြစ်ပြီး ထိခိုက်အောင်လုပ်မိရင်ရော "

ရွှန်း ရှိုင်းရဲ့ စွဲမက်စရာကောင်းတဲ့
နှုတ်ခမ်းအိအိလေးတွေကိုကြည့်နေရာကနေ
ရှိုင်းမျက်လုံးတွေထဲကိုကြည့်လိုက်တယ်
ရှိုင်းမျက်နှာကိုနေထိုးနေတာမို့
ရှိုင်းမျက်လုံးအရောင်ကို ရွှန်းအခုမှသတိထားမိသွားတ?်

သူ့မျက်လုံးအရောင်က အနက်ရောင်ဘက်သွားတဲ့
အညိုရောင်မဟုတ်ဘဲ
အဝါဘက်သွားတဲ့ အညိုရောင်မျိုးလေး

ရွှန်း၀တ်ရည် : " ရှိုင်းမျက်လုံး လေးတွေကလှလိုက်တာ "

ရွှန်းရှိုင်းမျက်နှာကိုကိုင်ပြီး သေချာကြည့်ကာ

ရွှန်း၀တ်ရည် : " ရှိုင်းဘယ်လောက်ပဲဒေါသထွက်ထွက် မ ကို ထိခိုက်အောင်လုပ်မှာမဟုတ်ဖူးဆိုတာ ယုံကြည်တယ် "

ရှိုင်းကားပါကင်ထိုးလိုက်ပြီး သူနေတဲ့တိုက်ခန်းအထပ်ဆီ
ရွှန်းကိုလက်ဆွဲခေါ်သွားတယ်
ရှိုင်း တိုက်ခန်းတံခါးဖွင့်ပြီးတာနဲ့
နှစ်ယောက်သား အငမ်းမရ စနမ်းကြတော့တယ်
ရှိုင်းနမ်းရင်း တံခါးကိုခြေထောက်နဲ့ကန်ပြီးပိတ်လိုက်တယ်

ရှိုင်း ရွှန်းရဲ့ လည်ပင်းတွေကိုငုံ့နမ်းရင်း နှစ်ယောက်သား ဆိုဖာပေါ်ရောက်လာတယ်
ရွှန်းက ဆိုဖာ ပေါ်မှာလဲနေပြီ
ရှိုင်းကအပေါ်က

ရွှန်းချက်ချင်း ရှိုင်းကိုတွန်းထုတ်လိုက်ပြီး

ရွှန်း၀တ်ရည် : " မက Top မ အပေါ်မှာနေမယ် "

ရှိုင်းခန့်အောင် : " အာ.... မကလည်း ထားလိုက် မရယ် ဘယ်သူအပေါ်မှာနေနေ နောက်ကျပြီးမှာပဲဟာ "

Hay Man's PaingOpowieści tętniące życiem. Odkryj je teraz