"ရှန်းးး ဒီကျောင်းပိတ်ရက် ပြန်မှာလား"

ဆရာများကို ကျောင်းပိတ်ရက်10ရက်ပေးသောကြောင့်ရန်ဟွေ့ကရှန်ကျိုးကိုပြန်ရန်အထုပ်ပြင်ရင်းရှန်းကိုလှမ်းမေးလိုက်သည်။

"ငါလား"

"အေးလေ"

"ငါ....."

📩📩

*စောင့်နေမယ်"

ဖုန်းထဲကစောင့်နေမယ်ဆိုသော စာတန်းလေးကိုကြည့်ရင်းနှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးလိုက်မိတယ်။အစကတော့ မပြန်ဖို့စဉ်းစားထားပေမယ့် အခုကျာင်းပိတ်မှာကိုသေချာပေါက်ကြားထားမှာဖြစ်တဲ့ကလေးကြီးလေးက စောင့်နေမယ်လို့ပို့လာတာကြောင့် ပြန်ရပေမည်။

"ငါ....ပြန်မယ်"

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
"ရှင်.....ဘယ်လိုလုပ်မှာလဲ...."

"ငါ စောင့်ကြည့်ဉီးမယ် ဖြည်းဖြည်းချင်းသွားကြတာပေါ့"

"အဆင်ပြေသွားမှာပါ...... အရမ်းကြီးလည်းစိုးရိမ်မနေနဲ့"

ရှောင်းပါးပါးရဲ့ပုခုံးကိုဖက်ကာ နှစ်သိမ့်ပေးနေပေမယ့် ရှောင်းပါးပါး ဘယ်လောက်ခက်ခဲနေမယ်ဆိုတာ သိပါသည်။ဘယ်လ်ုပဲဖြစ်ဖြစ်လေ တစ်ချိန်ကျရင် သိမယ့်အရာပဲလေ။

☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘
"ငါ့ဆီက ဘယ်တော့မှ ထွက်မပြေးရဘူးနော်"

ရှောင်းကျန့်ရဲ့လက်ကြားထဲလက်ယှက်လို့ ဝမ်ရိပေါ်ကပြောတယ်..

"ငါကထွက်မပြေးပါဘူး မင်းသာမောင်းမထုတ်ရင်....ငါကမင်းနားအမြဲရှိမှာ"

"ကတိနော်...မဟူတ်ရင်.... ငါမင်းကိုစိတ်ဆိုးမှာ"

လက်သန်းလေးးထောင်ပြလို့ပြောနေပုံကိုက အူယားစရာ...... ထိုလက်သန်းကိုချိတ်ပြီးလက်မချင်းထိလိုက်ပြီးနဖူးကိုပါထပ်ဆင့်လို့ခပ်ဖွဖွနမ်းလိုက်သည်။

"ကတိ မင်းသာ ငါ့ကိုလိုအပ်နေသေးရင် ငါ့ကိုမနှင်ထုတ်သ၍ငါကမင်းဘေးမှာပေကပ်ပြီးနေနေမယ့်ကောင်မျိုး"

ကျောင်းရဲ့ Gingoပင်ကြီးအောက်မှာထားရှိခဲ့တဲ့ကတိလေးကရော တည်မြဲနိုင်ပါ့မလား။

B O G(ZSWW)[Complete] Where stories live. Discover now