EPISODE-2
ဘယ်သူလဲ…… ဘယ်သူအော်ခေါ်နေတာလဲ *shout*
Yoona အော်မေးလိုက်သည်~~ အခုအချိန်မှာတော့ ဘာတုံ့ပြန်မှုမှမကြားရပေ……လုံးဝတိတ်ဆိတ် နေသည်……
Yoona- ငါ့ညီမလေးနာမည်ကိုခေါ်နေတာ ဘယ်သူလဲ???? *shout*
Yoona အမေးကိုပြန်ဖြေမည့်သူ မရှိ။ ။
Yoona- Yah~~~~ မေးနေတာ မကြားဘူးလား…… ငါဆင်းလာခဲ့ရမလား……
Yoona ဟန်လုပ်ပြီး ခြိမ်းခြောက်လိုက်သည်……မြေအောက်ခန်းထဲတွင်ကား…… ပကတိတိတ်ဆိတ်နေသည်~~~
Yoona ခေတ္တမျှ နားထောင်ကြည့်ပြီးနောက် မြေအောက်ခန်းတံခါးကို "ဝုန်း" ကနဲ ဆွဲပိတ်လိုက်သည်……Yoona's thought
©©©©©©©©©
"ဟင့်အင့်……မြေအောက်ခန်းထဲမှာ ဘယ်သူမှရှိမနေပါဘူး………ဟူးး;;;;;"Yoona's P.O.V
-----------------------
ဒါတွေအားလုံးသည် အကြားအာရုံ၏လှည့်စားချက်မျှသာဖြစ်သည်……အိမ်အိုဟောင်းကြီးတွေမှာ ဒီလိုဘဲ ဖြစ်တတ်ကြတယ် မဟုတ်ပါလား……… ဟိုနေရာ တကျွိကျွိမြည်… ဒီနေရာ တကျွိကျွိမြည်နှင့် စိတ်ထင်ယောင်ဝိုးဝါးအသံများကို ကြားရတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်……
ဒီလို အသံတွေကိုဘဲ သရဲခြောက်သလိုလို ဘာလိုလို လူတွေပြောပြတတ်ကြသည်မှာလည်း နေရာတကာတိုင်းမှာ ကြားရတတ်သော ပုံပြင်ဟောင်း တစ်ပုဒ်သာဖြစ်သည်……
ဒီအချက်ကို ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင်ပြရန် Yoona ဆုံးဖြတ်လိုက်သည်……………
ထိုဆုံးဖြတ်ချက်နှင့်အတူ စောစောက Yoona ကြောက်လန့်နေခဲ့သော မြေအောက်ခန်း တံခါးဘက်ဆီသို့ ပြန်လှည့်လိုက်သည်………
Yoona အတတ်နိုင်ဆုံး အသက်ကို ဝဝရှူသွင်းပြီး စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်သည်……ထိုနောက် စောစောက Yoona စေ့ပိတ်လိုက်သော မြေအောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်သည်……Yoona- ဟင်!!! (အာမေဍိတ်သံ)
တံခါးကား လုံးဝပွင့်မလာချေ။ ။
ဘယ်လိုဖြစ်တာပါလိမ့်ဟု တွေးရင်း Yoona ခေါင်းနားပန်းကြီး သွားသည်…… စောစောကလေးတင် တံခါးရွက်နှစ်ချပ်ကို စေ့ပြီး Yoona ကိုယ်တိုင်တွန်းပိတ်ခဲ့သည် မဟုတ်ပါလော………
ကြည့်ရတာ ဒီတံခါးရွက်နှစ်ချပ်က မြေအောက်ခန်းက ရေငွေ့ ပျံတဲ့ အစိုဓာတ်ကြောင့် ကျပ်နေတာ ဖြစ်နိုင်သည်ဟု Yoona တွေးလိုက်မိသည်………
ŞİMDİ OKUDUĞUN
We Are Waiting [Complete]
Hayran Kurgu(We are waiting သည် soshi Horror fanfic တစ်ပုဒ်သာဖြစ်ပါသည်) Main- Im Yoona -Park Jiyeon -Choi Soo Young #Horror Note-လူများလိုအပ်လျှင်ထည့်သုံးသွားမည် Yoonyeon sister ver: fic တစ်ပုဒ်သာဖြစ်ပါသည် မူရင်းစာရေးသားသူကို မမှတ်မိသောကြောင့် owner အား cr ပေးပ...