အပိုင်း ၂

Start from the beginning
                                    

"မဟုတ်ဘူး မာလာမြင့်တို့လာချက်ပေးတာ ဟေ့ကောင်ရေ မနေ့ကကွ မာလာမြင့်ကနာမည်ကြီးနေတဲ့အတိုင်း မာနကရှယ်ကြီး ခန္ဓာကိုယ်ကလည်း သိတယ်မလား အဟွင်း အဟွင်း"

"အေးပါကွာ တွေ့လိုက်တဲ့သူကတော့ ပြောအားရှိတာပေါ့ ငါကမတွေ့လိုက်ရတဲ့သူဆိုတော့"

ပုဂ္ဂိုလ်ထူးက ရှုံ့မဲ့ကာပြောနေသည်ကို သိန်းဈာန်ကမြိန်ရေယှက်ရေပြောကာ လှောင်ပြုံးပြုံးပြလေသည်။ ဇာမဏီ့စိတ်ထဲမှာတော့ ဒီကောင်တွေကို တဏှာရူးအဖြစ် စာရင်းသွင်းလိုက်လေသည်။

"ငါတော့ မာလာမြင့်ကို အဲ့လောက်ချောတယ်မထင်ပါဘူး ပင်းဥ အဲ့မဟုတ်ပါဘူး ပန်းဥပြောတာ ယဉ်ယဉ်လေးပဲလှတယ် နော်ချက်ကြီး"

"အေး ပန်းဥကညိုချောလေးကွ ပြီးတော့ဆံပင်ကအရှည်ကြီး ချစ်ဖို့လည်း ကောင်းတယ် အဟက်!"

စကားဝိုင်းထဲပန်းဥ အကြောင်းပါလာတော့ ဇာမဏီတို့ မရှိတဲ့မုန့်ဖက်ကို လက်နဲ့ထိုးမွှေနေသည်မှာ ရပ်တန့်လို့ မရတော့လောက်အောင်ပင်။

"ငါကတော့ မာလာမြင့်ပဲ ပန်းဥကပိန်တယ် မာလာမြင့်ကမှ တောင့်တောင့်တင်းတင်း ဘော်ဒီစလင်းလေ ဟုတ်တယ်မလား ပုဂ္ဂိုလ်ထူး"

"ငါလည်းမာလာမြင့်ပဲ"

မုန့်ဖတ်မရောက်သေးသည့် သူတို့စကားဝိုင်းသည် တစ်စတစ်စ မာလာမြင့်နှင့်ပန်းဥ ဆိုကာ တင်းမာလာကြသည်။ ဇာမဏီသိုက်နဲ့ ရှင်းသန့်ဋ္ဌေးက ပန်းဥအဖွဲ့။ ပုဂ္ဂိုလ်ထူးနဲ့ ဧကာရာဇ်သိန်းဈာန်က မာလာမြင့်အဖွဲ့ဟု၍ပေါ့။

"မင်းတို့နဲ့ ရတဲ့ကောင်မလေးကတော့ ဖင်ကွဲ အဲ့မှားလို့ ရင်ကွဲမှာပဲ အဲ့လောက်ကြီးတာကြိုက်နေ"

ဇာမဏီပြောခြင်ဇောအားကြီးပြီး ရင်နဲ့ဖင်မှားပြောပြီးမှ ဘေးကငှက်မကိုကြည့်မိသည်။ ငှက်မကတော့ ပြူးတူးကြောင်တောင်နဲ့ သူတို့စကားဝိုင်းကို အားစိုက်နားထောင်နေလေသည်။ ဇာမဏီ့ညီမလေး ဟိုနှစ်ကောင်အကြောင်း ကြားပြီး ဇီးသီးစေ့ရင်ဘတ်လေးကိုများ အပြစ်တင်မလားလေ။ ဇာမဏီရင်ထဲ မချိ့လိုက်တာ။

"ဆက်ပြောလေ ဘာလို့လာကြည့်နေတာလည်း ဒါနဲ့ ကိုကြီးဧကရာဇ်နဲ့ကိုကြီးပုဂ္ဂိုလ်ထူးက အရမ်းအကြိုက်တူတာပဲနော် ခ်ခ်"

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now