အပိုင်း ၂

Start from the beginning
                                    

"ကိုကြီးချက် ဘာလုပ်တာလည်း ကိုကြီးဧကရာဇ်နာသွားပြီ ကိုကြီးချက်ကတော့ စာနာစိတ်ကို မရှိဘူး တကယ်ပဲ ဟွန့်! လာကိုကြီးဧကရာဇ် ငှက်လေးတို့သွားရအောင်"

"ok ok ငှက်လေး"

ဟာ ဒီခွေးမ မဟုတ်ပါဘူး ဒီငှက်မ!ဘယ်လိုတောင် အကြီးကိုမရိုမသေမလေးစား လိုက်သလဲ။ ဒီခေါတ်ကလေးတွေ ခက်လိုက်ကြတာ။ ဒီကြားထဲ သိန်းဈာန်ကပါ လျှာထုတ်ပြောင်ပြ သွားသည်မို့ ဇာမဏီနောက်ကနေ ထိုနှစ်ယောက်ကို ဖိနပ်ဖြင့် ပစ်ပေါက်ခြင်စိတ်က တစ်ဖွားဖွား။





မုန့်ဟင်းခါးစားဖို့ ထိုင်တော့လည်း မခွဲသော ငှက်မနဲ့သိန်းဈာန်ကိုကြည့်ကာ ဇာမဏီသွေးတတ်နေသည်။ ကြာရင် ငှက်မလုံးပါးပါးတော့မယ် မဖြစ်ဖူး သိန်းဈာန်လိုကောင်မျိုးနဲ့ မဖြစ်ရဘူး ဝူး ဟူး ဝူး ဟူး...။

"ဟာ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ကြွပါဗျ"

ပုဂ္ဂိုလ်ထူးကို ရှင်းသန့်ဌေးက ပြောင်ပြီးပြောသည်မို့ တစ်အိမ်လုံးက ပြုံးစိစိနဲ့ ဝိုင်းကြည့်ကြလေသည်။ ဇာမဏီလည်း ပုဂ္ဂိုလ်ထူးကို လက်ပြမည်ပြင်တော့

"ကိုကြီးထူးထူး လာ လာ ငှက်လေးနေရာလာထိုင်"

ဟုဆိုကာ ငှက်မကအပြေးအလွှား ခရီးဦးကြိုပြုပြီး နေရာပေးလေသည်။ ပြီးတာနဲ့ ငှက်မက ဇာမဏီ့ဘေးလာထိုင်သည်မို့ မျက်မှောင်ကျုံ့လိုက်မိသည်။ ဒီကောင်မလေး သိန်းဈာန်ကိုကြိုက်တာလား ပုဂ္ဂိုလ်ထူးကိုကြိုက်နေတာလား ဟုအတွေးထဲ ခြာခြာလည်နေသည်။ မဟုတ်မှ နှစ်ယောက်လုံးကို ကြိုက်နေတာများလား။ ဗုဒ္ဓေါ!.....။

ငှက်မက ဇာမဏီ့ဘေး ရောက်လာသည်မို့ သိန်းဈာန်နဲ့ ပုဂ္ဂိုလ်ထူးနဲ့က ကပ်ရပ်ဖြစ်ပြီး ရှင်းသန့်ဌေးနဲ့ ဇာမဏီနဲ့က ကပ်ရက်ဖြစ်ကာ ငှက်မက ပုဂ္ဂိုလ်ထူးနဲ့ သိန်းဈာန်ကို ပြုံးပြုံးကြီး ကြည့်နေလေသည်။

"သိန်းဈာန် အဲ့ ဧကရာဇ်မုန့်ဟင်းခါးက ဘယ်သူချက်တာလဲ မင်းအမေလား"

ပုဂ္ဂိုလ်ထူးက သိန်းဈာန်ဟုယောင်ခေါ်တော့ ဧကရာဇ်သိန်းဈာန် အဖေဦးသိန်းဈာန်က မျက်မှန်ကြီးကျော်ကာ စိုက်ကြည့်နေသည်မို့ ဧကရာဇ်ဟုပြောင်းခေါ် လိုက်သည်ထင်။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now