Darling__You're the only Exception[Ending]

906 65 67
                                    

You'll always be my only love. . .

ခုတင်ဘေးကကျွန်းခုံပုလေးပေါ်မှာတင်ထားတဲ့ မီးအိမ်လေးရဲ့ဝါကျင့်ကျင့်အလင်းရောင်က ထွန်းပေါ်ဦးရဲ့နီဆွေးနေတဲ့ပါးအို့ဖောင်းဖောင်းလေးတွေကို ထင်ထင်ရှားရှားမြင်နိုင်ဖို့ရာ စွမ်းသာသေးသည်

ပခုံးပေါ်နဖူးမှီတင်လာကာ အသက်ရှူသံတွေပြင်းနေတဲ့ကောင်ကလေးကို ချမ်းငြိမ်းပိုင်မှာဆံပင်တွေကိုခပ်ဖွဖွပွတ်သပ်ပေးလို့ ငြိမ်ငြိမ်လေးကောင်လေးအနားမှာရှိနေခဲ့သည်

'ကလေးလေး'
ချမ်းငြိမ်းပိုင်ရဲ့ချစ်မြတ်နိုးမှုအပြည့်နဲ့ခေါ်သံနောက် Leoမှာခေါင်းလေးထောင်လို့ ချမ်းငြိမ်းပိုင်ကိုမျက်လုံးထွေထွေတွေနဲ့ စူးစိုက်လို့ကြည့်လာခဲ့လေသည်

'ရှေ့ဆက်ချင်လား'
မျက်တောင်လေးတွေတစ်ချက်လှုပ်ခတ်သွားတဲ့ ကောင်ကလေးရဲ့မျက်ဝန်းစူးလဲ့လဲ့တွေကို ချမ်းငြိမ်းပိုင်မှာအသေအချာငေးကာကြည့်ရင်း ထိုစကားတစ်ခွန်းကိုမေးလေသည်

'ကိုကိုနဲ့အတူ ရှေ့ဆက်ချင်လား'
နီဆွေးဆွေးမျက်နှာလေးက မခို့တရို့မီးရောင်အောက်မှာ ဆွဲဆောင်မှုအားပြင်းလှစွာ ယစ်မူးပစ်ချင်စရာ နမ်းရှိုက်ပစ်ချင်စရာ ရင်ခွင်ထဲထွေးပွေ့ပစ်ချင်စရာ
အရမ်းကိုလှလွန်းနေတဲ့မျက်နှာနုနုနယ်နယ်လေးကို ချမ်းငြိမ်းပိုင်မှာတစ်ချက်လေးတောင်အကြည့်မလွှဲရက်နိုင်ခဲ့ပါ

'အင်း'
ခေါင်းကိုတစ်ချက်ငြိမ့်လို့ပြန်ဖြေလာတဲ့ကောင်ကလေးမှာ သူ့မျက်ဝန်းတွေကိုပြန်လည်ငေးကြည့်လို့လာခဲ့သည်

'မောင့်ကိုကြင်နာပေးပါ'
လေသံငြိမ်ငြိမ်လေးကသွေးတိုးလို့စမ်းချင်စရာ
မျက်ဝန်းလဲ့လဲ့လေးတွေက ညှို့ငင်လွန်းလှစွာ

ချမ်းငြိမ်းပိုင်မှာခေါင်းကိုတစ်ချက်ငြိမ့်သည်
ထွန်းပေါ်ဦးရဲ့ပါးနွေးနွေးလေးတစ်ဖက်ကို မြတ်မြတ်နိုးနိုးမွှေးရှိုက်သည်

ထို့နောက် လည်တိုင်ကျော့ကျော့ဆီသို့.....

*****

တနင့်တပိုးချစ်မြတ်နိုးနေမိကြောင်းတွေကို
ရင်ခွင်ထဲကထိုလူသားငယ်နိုးလာတဲ့အခါ
သူ့နဖူးနုနုကိုခပ်ဖွဖွနမ်းရှိုက်လို့
ကိုယ်တခမ်းတနားပြောပြဖြစ်ပါဦးမည်. . .

EXCEPTION__Where stories live. Discover now