~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါးးးးး

လေးညို့တစ်ယောက်အကျောဆန့်ကာထလိုက်သည် မျက်လုံးမဖွင့်ပဲ ဘေးဘက်ကို လက်စမ်းကြည့်တော့ အေးစက်စက်အိပ်ယာခင်း

"ဟင် ထီကအစောကြီးထသွားတာလား"

"ထီမင်းရေချိုးခန်းထဲမှာလား"

ဘာဖြေသံမှမကြားရအောင်တိတ်ဆိတ်လျက်

ထီကအစောကြီးမထတက်မှန်းသူသိသည် ဒါဆို သူညထဲကပြန်မအိပ်တာလား

ဒေါက် ဒေါက်

တံခါးခေါက်သံကြားလို့သွားကြည့်တော့ ဒက်စ်

"အကိုလေးညို့ ဟိုကောင့်ဖုန်းကျန်ခဲ့လို့လာပေးတာ ဟိုကောင်အိပ်တုန်းလား"

"ဟင် မင်းတိုဆီမှာအိပ်တာမဟုတ်ဘူးလားညကပြန်မအိပ်ဘူးကွ"

"မဟုတ်တာဗျာ ညကကျွန်တော်တို့အမူးလွန်နေကြတာ အခန်းတောင် ဒီကဝန်ထမ်းတွေပို့ပေးတာ သာထီမပါလာဘူး"

"ရှာပေးပါဦးကွာ မင်းသူငယ်ချင်းကို မူးပြီးဘယ်ချောင်သွားတိုးနေလဲမသိဘူး"

"ဟုတ် ဟုတ်ရှာပေးမယ်"

ဒက်စ်ထွက်သွားတော့မှ အခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်ပြီး ဟိုငမူးသမားအားရှာပုံတော်ဖွင့်ရသည်

10နာရီတောင်ထိုး​သည်အထိ ဘယ်မှာမှရှာမတွေ့ကြောင့်စိတ်ပူလာမိသည် သေချာစဥ်းစားကြည့်ရင်ဟိုကောင်လေးလည်းပျောက်နေသည် အမြဲတမ်းထီအနားကပ်နေသည် ဟာလေးကအခုအရိပ်အခြေတောင်မတွေ့ရတာကြောင့်
စိတ်ထဲတွေးမိကာ ဧည့်ကြိုဆီ သွား​ပြီး ဟိုကောင်လေးအခန်းကိုမေးပြီးသွား
ကြည့်ရမယ် ဒီကောင်လေးကရိုးသားတာမဟုတ် မဟုတ်မှလွဲရော
မဖြစ်လောက်ပါဘူး

ဧည့်ကြိုဆီသွားမေးတော့ သူ့ဘေးကဘန်ဂလို ဖြစ်နေတာကြောင့်ပိုစိုးရိမ်မိသည်

ဘန်ဂလိုရှေ့ရောက်တော့ တံခါးမခေါက်ပဲဝင်ဖို့လုပ်လိုက်တော့တံခါးစိရုံစိထားသည် ဝင်ကြည့်လိုက်ပြီး အခန်းထဲကမြင်ကွင်းကြောင့်လေးညို့ရှင်အတော်ဒေါသထွက်သွားသည်

ရေချိုးခန်းထဲ ပြေးဝင် ရေတစ်ပုံးယူလာ​ပြီး

ဗွမ်းးးး

<~~ထီ~~>Where stories live. Discover now