uni
လေးညို့ သူ့ကိုပွေ့ကာအသည်းအသန်ပြာရာခက်နေသော သူ့ကိုကြည့်မိသည်
ရေစိုထားတာမို့ ဆံပင်ခရမ်းရောင်တွေက တစ်ခုနဲ့တစ်ခု ကပ်နေကာ မျက်နှာမှာလည်းရေစက်တွေနဲ့က တော်တော်ကြည့်ကောင်းလှပြီး လူတိုင်းကိုဆွဲဆောင်နိုင်လောက်သည် ဟင်းး
gay နေတော့လည်း ကောင်မလေးတွေအတွက်နှမြောစရာပဲ မိန်းကလေးတွေလိုချင်type မျိုးကို
ရင်ခွင်ထဲမှ လူသားကသူ့ကိုစိုက်ကြည့်နေတာကြောင့် ရှိုန်းတိန်းဖိန်းတိန်းဖြစ်မိသည် ဒီလူနဲ့ကြမှကွာ အချေဂုဏ်ပုဒ်ကရစရာကိုမရှိတော့ ခဗျားသာကျုပ်အနားရှိမယ်ဆိုရှိ ကျုပ်က ခဗျားကြိုက်သလိုလိုက်ရောပေးမယ် ကျုပ်အပိုင်လေး ဒါနဲ့ ကျုပ်ခဗျားကိုချစ်လို့မဟုတ်ဘူး ခဗျားက ကျုပ်ပိုင်တဲ့ သက်ရှိလေးဖြစ်နေတာမို့ လိုက်ရောတာ အရုပ်သာဆိုလှောင်အိမ်လေးထဲထည့်ပြီးသော့ခတ်ပစ်လိုက်ပြီ
"ရေချိုးလိုက်ဦး ဆားငန်ရေတွေနဲ့ အရေပြား တွေပျက်စီးလိမ့်မယ်"
"ငါသိပါတယ် ဆရာမလုပ်နဲ့"ဆိုကာဝင်သွားတဲ့လူကြောင့်ထီအံသြမိသည် ခုနက ထီရေကယ်ပါနဲ့ သူမဟုတ်တဲ့အတိုင်း
လေးညို့ဘုဆက်ဆက်ပြောပြီးသာဝင်ခဲ့သည် ဘယ်နှယ် သူသိတာပေါ့ဒီလောက်ဆရာကြီးလုပ်လွန်းတယ် သူအကြီးလား ကိုအကြီးလား အကြီးမှန်းသိအောင်ပြရမယ်
ရေချိုးပြီးတော့ ရေချိုးဝတ်စုံလေးနဲ့ထွက်လာပြီး
"မင်းရောမချိုးဘူးလား"
"ကျုပ်ရေသွားကူးဦးမှာ "
"မသွားနဲ့တော့ ရေမိုးချိုး စျေးထဲသွားပြီးပင်လယ်စာသွားစားမယ်"
"ရေကူးဦးမှာဗျာ ခဗျားကြောင့် ရေကောင်းကောင်းမကူးရဘူး"
"ထီ က လိမာပါတယ် ပင်လယ်စာသွားစားမယ်ရေသွားချိုး"ဆိုကာ သူ့ရှေ့ရပ်နေတဲ့ထီကို ရေချိုးခန်းထဲ အတင်းတွန်းပို့ပစ်လိုက်သည် ဟိုကိုပြန်ပြီးရေကူးလို့ဘယ်ရမလဲ ဟိုကောင်လေးနဲ့ ပြန်တွေမှာပေါ့ ရေနစ်ချင်ယောင်ဆောင်တာ အလဟသတ်အဖြစ်မခံနိုင်ပါဘူး
ထီတစ်ယောက်ရေချိုးပြီးထွက်လာတော့ ဟိုလူအဆင်သင့်တောင်ဖြစ်နေပြီ
ဘောင်းဘီအဖြူ ဒူးအောက်နဲ့ အုန်းလက်အကျီ အပြာရောင်လေးအားတွဲဝတ်ကာ နေကာမျက်မှန်တက်ပြီး အုန်းလက်အုပ်ထုတ်ကဆောင်းထားသေးသည် စတိုင်က တော့အပြည့်ပဲ
YOU ARE READING
<~~ထီ~~>
Romanceခဗျားကကျုပ်လင်ပဲ--- မိုးမြတ်သာထီ မိုးမြတ်သာထီ အရိုင်းအစိုင်းကောင်--- လေးညို့ရှင် မောင့်ကိုလက်မလွှတ်ပေးနိုင်ဘူး--- မှူးအမရာပိုင် သာသာရေးမှာက marry life ပါနော်😘😘
