အရောင်နုနုအတ္တဖြင့်သာ

Start from the beginning
                                    

မိဘတွေကိုတစ်ခါမှမလိမ်ဖူးတာကြောင့် taehyungမှာနူတ်ခမ်းတွေခြောက်သွေ့လာပြီး ခြောက်နေတဲ့နူတ်ခမ်းလေးလျှာဖျားလေးဖြင့် မသိမသာသပ်လိုက်ကာ မျက်ဆံလေးများကို စိတ်လူပ်ရှားစွာဟိုဟိုဒီဒီရွေ့လျားအောင်လုပ်လိုက်မိသည်။
taehyungမှာအလိမ်မပေါ်ဖို့ အားတင်လိုက်ရင်း အကြောင်းပြချက်တွေပေးပြီးရှေ့နောက်ညီရဲ့လားတောင်မသိတော့ပဲ ပြောမိပြောရာပြောနေမိတော့သည်။

"မဟုတ်ပါဘူးမေမေရဲ့...
minieကသူ့မေမေခိုင်းထားတာရှိလို့ နောက်ကျမှပွဲကိုလိုက်ခဲ့မှာတဲ့။
အခုကဂျွန်နဲ့သွားမှာမေမေ... ဂျွန်ကကျွန်တော့်ကိုလက်ဆောင်ပစ္စည်းဝယ်တဲ့ဆိုင်မှာ စောင့်နေမှာ... ကျွန်တော်ဒီကနေtaxiငှားပြီးသွားလိုက်မယ် ဂျွန်ရှိတဲ့ဆိုင်နှင့်အိမ်နဲ့ကနီးနီလေးပါပဲ "

သွားချင်စိတ်ပြင်းပြနေသော သားဖြစ်သူကိုစိုးရိမ်းမျက်ဝန်းများဖြင့်ကြည့်ပြီး Mr's Kimကသက်ပြင်းချသည်။
သူမသားဟာ ကလေးငယ်လေးမဟုတ်တော့တာကြောင့် တစ်ခါတစ်လေတော့လည်းသူငယ်ချင်းတွေနဲ့ညဖက်အပြင်ထွက်ချင်ရှာမှာပါလို့တွေးမိပြီး ခွင့်ပြုဖို့သာဆုံးဖြတ်လိုက်၏။

"သားဒီလောက်တောင်သွားချင်နေရင်
လည်းသွားပေါ့ကွယ်....
သားjiminတို့လည်းပါမှာဆို​တော့
မေမေမတားတော့ပါဘူး။ သားကအအေးမခံနိုင်တာသိတယ်မလား။
အရမ်းညဥ့်မနက်စေနဲ့... ကဲသွားတော့...
သားjungkookအကြာကြီးစောင့်ရလိမ့်မယ်"

မေမေခွင့်ပြုမူကြောင့် သူ့မှာလေပူတစ်ချက်ကိုမသိမသာမူတ်ထုတ်ရင်း မေမေ့ကိုနူတ်ဆက်ကာ အမြန်ပင်ထွက်လာခဲ့လိုက်သည်။
သူနောက်ကျနေပြီမဟုတ်ပါလား။
taxiငှားပြီးကလပ်ဆီမသွားခင် ဂျွန်မှာထားသည့်birhday cakeအတွက်အနီးဆုံးcakeဆိုင်ကိုသာ ကားမောင်းတဲ့လူကြီးကို အရင်ဆုံးမောင်းခိုင်းရ၏။

cakeဆိုင်ရောက်တော့အချိန်က ခုနှစ်နာရီခွဲနေပြီ။ ဆိုင်မပိတ်ခင်လုလု အချိန်မှီရောက်လာ၍တော်သေး၏။

လှတယ်ထင်သည့်cakeတစ်ခုကိုအမြန်ရွေးလိုက်ကာ ငွေရှင်းလိုက်ပြီးသေချာထုတ်ပိုးပေးလိုက်သောပါဆယ်ဗူးဆွဲရင်း ဆိုင်ထဲမှထွက်လာခဲ့လျှင် ဖုန်းထဲမှmsgဝင်သံကြောင့် အကျီအိပ်ထဲမှဖုန်းကိုထုပ်ယူရန်လုပ်ရသည်။

Purple Dream [Complete] Where stories live. Discover now