အိမ်​သို့​ရောက်​၍နာရီကြည့်​ရာ..
ည၇နာရီ..
တေဇ​အောင်​...ပန်​ဆုငယ်​ဘက်​လှည့်​ကာ
ပြုံးရင်း...

"ပန်း...ဒီ​နေ့..​ပျော်​တယ်​မလား.."

"အင်း...အရမ်း​ပျော်​ခဲ့ရတယ်​..​ကျေးဇူးပါ "

"ကိုယ်​တို့ကြားမှာ.အဲ့တာမလိုအပ်​ဖူး​လေ..:"

ပြုံးရင်း​ပြော​နေ​သော​တေဇ​အောင်​​ကြောင့်
ပန်​ဆုငယ်​..သူမအ​ပေါ်​ကောင်း​နေ​သော
သူ့ကိုနားမလည်​..သို့​သော်​..သူမ
နာကျင်​မှု​တွေခဏတာ​မေ့ခဲ့ရတယ်​မလား
ကျေးဇူးပါကို​တေဇ...ရှင်​နဲ့​မေ​မေကြီးတို့​ကျေးဇူး
ကျမ..​မေ့နိုင်​မှာ...မဟုတ်​ဘူး...

"အရမ်းသိသာ​နေလို့လား..ကို​တေဇ"

"သိသာတာ​ပေါ့..က​လေး​လေးရဲ့.
မျက်​လူံး​တွေက..တလက်​လက်​နဲ့​တောက်​​နေတာ
အရမ်း​ပျော်​​နေမှန်း....သိသာ​နေတာ​ပေါ့ကွ"

သူမ​ခေါင်းကဆံပင်​များကို
ဖွကာ​ပြောလိုက်​​သော..​တေဇ​အောင်​​ကြောင့်
သူမရင်​ထဲ..ကြည်​နူးလာရသည်

ပန်​ဆုငယ်​..သူမ​ရှေ့တွင်​ရပ်​ကာ
သူမကိုစ​နေ​သော​တေဇ​အောင်​ကို
ိုကြည့်​​နေမိသည်​...

ကျမကိုရှင့်​နားကမထွက်ခွာနိုင်​​အောင်
မလုပ်​ပါနဲ့ ကို​တေဇရယ်​..
ကျမဦး​နှောက်​က..မလိုလား
မချစ်​မိ​အောင်​တား​နေ​ပေမယ့်
နှနယ်​လွန်းတဲ့နှလုံးသား​လေးက
ချစ်​မိသွားခဲ့ပြီ..​ဝေးရမယ်​ဆိုတာသိ​လို့
ဂရုစိုက်​ပြီး..ရှင့်​အချစ်​မှာမကျရှုံး​အောင်​​နေ​ပေမယ့်
ရှင်​လုပ်​လို​က်​တဲ့..အမှတ်​တမဲ့ လုပ်​ရပ်​က..
ကျမနှလုံးသား​လေး ကိုပြန်ပြီးနိုးထလှုပ်​ရှား​စေတယ်​..
တောင်းပန်​ပါတယ်​ ကို​တေဇရယ်
ကျမကိုအဲ့​လောက်​ဂရုမစိုက်​ပါနဲ့
ကျမရှင့်​နားကထွက်​သွားမဲ့ဆုံးဖြတ်​ချက်​​တွေကို
ေ၀၀ါး​စေလို့ပါ...

တေဇ​အောင်​..သူစ​နေတာကို..မရယ်​မပြုံးဖြစ်ေ​န​သော
သူမကို..ယခုမှ..သတိထားမိသည်​..
ထိုစဉ်​..သူမမျက်​၀န်း​ထောင့်​မှကျလာ​သော
မျက်​ရည်​တစက်​​ကြောင့်​..သူ.ရင်​တခုလုံး
ပူထူသွားသည်​....

The Most i Need U In My Life(completed)Wo Geschichten leben. Entdecke jetzt