Chapter - 8 (Part 1)

Start from the beginning
                                    

ဒါ​ပေမယ့် ငါ အိမ်ကိုသာပြန်ပြီး အိပ်လိုက်ချင်တယ်။ မနက်​ဖြန်​ကျရင် အလုပ်​​ကို စော​စောသွား​ရဦးမယ်​လေ။

အစ်ကို(၅)က ငါတို့ကို လက်ဆောင်တစ်ခုစီ ပေးတယ်။ ငါ့အတွက်က စစ်ဓားတစ်လက်ဖြစ်ပြီး ​ကျောင်းကုန်းဇီအတွက်က​တော့ ချောကလက်တစ်ဗူးဖြစ်တယ်။

သူ တစ်ခုခုကို ရောထွေးနေတာမျိုး ဖြစ်နိုင်တယ်။

အနည်းဆုံးတော့ သူ ငါ့ကို ဘာလို့ ဓားပေးတယ်ဆိုတာ နားမလည်ဘူး။

​ကျောင်းကုန်းဇီက အားလုံးရဲ့ရှေ့မှာ ရယ်မောရင်း ​ပြောတယ်, "မင်းပျင်းရင် ငါ့ကို ဓားနဲ့ထိုးလို့ရတယ်​လေ"

ငါက ​ကျောင်းကုန်းဇီမူးနေပြီ, ငါတို့ပြန်သွားသင့်တယ်လို့ ​ပြောလိုက်တယ်။ ​ကျောင်းကုန်းဇီက သူ မမူးဘူးလို့ပြောတယ်။ ငါက မဟုတ်ဘူး, မင်း မူး​နေပြီလို့ ပြောလိုက်တယ်။ ​ကျောင်းကုန်းဇီက သူ တကယ်ကို မူး​နေတာမဟုတ်ဘူးလို့ ပြန်​ပြောတယ်။ ငါက ​ကျောင်းကုန်းဇီကို ကိုယ့်ဘာသာ မူးချင်လား, ဒါမှမဟုတ် မူးဖို့အတွက် ငါ့အကူအညီလိုလားလို့ ​မေးလိုက်တယ်။ ​ကျောင်းကုန်းဇီက သူ ချက်ချင်းမူးသွားသလိုခံစားရတယ်လို့ ပြန်ပြောတယ်။

ငါတို့ အစ်ကို(၅)ကို နှုတ်ဆက်လိုက်တယ်။

အစ်ကို(၅)က ငါတို့ကို ကားဆီ ပို့ပေးပြီး ရုတ်တရက် ငါ့ကို စာတစ်စောင်ပေးတယ်, "ဒါက မြို့တော်တက္ကသိုလ်အတွက် အကြံပြုစာ, အဲ့တာက အတန်းတက်ဖို့ စာရင်းသွင်းရုံပဲဆိုပေမယ့် ဘာပဲဖြစ်ဖြစ် ငယ်ရွယ်တုန်း မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်သင့်တယ်, နောက်တော့ နှစ်တစ်ရာဆိုတာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမှာ…."

သူက ထပ်ပြီးပြောချင်သလို ကြည့်နေပေမယ့် အစ်မအကြီးဆုံးက သူ့ကို လာ​ခေါ်တဲ့အတွက် ငါ့ပုခုံးကိုပဲ ပုတ်လိုက်တယ်, "အစ်ကို(၃)ကလွဲရင် အိမ်မှာ ငါ အချစ်ဆုံးလူက မင်းပဲ, ကိုယ့်ကိုယ်ကို ဂရုစိုက်​နော်"

ငါ ကားထဲဝင်လိုက်တယ်။ အံ့သြစရာ​ကောင်းတာက ​ကျောင်းကုန်းဇီ ငါ့ကို မ​အော်ခဲ့ဘူး။ အဲ့အစား သူကအပြန်လမ်းတစ်​လျှောက်လုံး ချောကလက်တွေကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စား​နေခဲ့တယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now