We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

Discussion

2 0 0
                                        

News or Information? Primary or secondary source? ကိုယ်ရနေတာ သတင်းလား။  သတင်းအချက်အလက်လား။ သတင်းနဲ့ သတင်းအချက်အလက်ကြား ဘာတွေ ကွဲပြားသလဲ။ ကိုယ့်သိပိုင်ခွင့် ရယူပိုင်ခွင့်ဟာ ဘယ်အထိရှိသလဲ။ ဒီမေးခွန်းတွေကို ဖြေကြည့်ကြပါစို့။

အာဏာသိမ်းမှုကြီးပြီးတဲ့နောက်မှာ ကျွန်တော်တို့ကြား အငြင်းခုံဖြစ်လာတာက သတင်းအချက်အလက်စီးဆင်းမှုပဲဗျ။ ကျွန်တော်တို့ကိုယ်တိုင် မသဲကွဲတဲ့ အကြောင်းအရာတစ်ခုလည်းဖြစ်တယ်။ တချို့သတင်းဌာနတွေ ကိုယ်တိုင်တောင်မှ မသဲကွဲဘူးလို့ပြောရင် မမှားနိုင်ဘူး။ ဒါပေမယ့် ကျွန်တော့ ဆွေးနွေးမှုပြီးရင်တော့ သဲကွဲမယ်လို့ ယူဆတယ်။

ဆိုတော့ ပထမဆုံး အချက်ကို ကြည့်ကြစို့။ New or information? သတင်းလား။ သတင်းအချက်အလက်လား။ ဒီနှစ်ခုကို ဘယ်လို ခွဲခြားကြမလဲ။ ဘယ်တစ်ခုက primary source လဲ။ ဒီမေးခွန်း အကုန်လုံးဟာ သူတို့ကြားက ကွဲပြားချက်တွေကို ဖြေရှင်းပြီးတဲ့အခါမှာ သိသိသာသာ ကွဲပြားလာမှာပါ။

ပထမဆုံး ကျွန်တော် သတင်းအချက်အလက်အကြောင်းကို ပြောပါမယ်။ PEN Myanmar ရဲ့ အဆိုအရဆိုရင် မူလရင်းမြစ်တွေ (ဥပမာ- ဝန်ကြီးဌာနတွေ)က ရတဲ့ အချက်အလက်မှန်သမျှကို သတင်းအချက်အလက်လို့ ပြောလို့ရတယ်။ ဆိုလိုတာက အစိုးရအဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်း မဟုတ်ပေမယ့် အများဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေ အဲ့လိုအဖွဲ့အစည်းတွေဆီကရတဲ့ အချက်အလက်မှန်သမျှဟာ သတင်းအချက်အလက် ဖြစ်တယ်။

သတင်းဆိုတာကတော့ အပေါ်က အရင်းအမြစ်တွေကနေ ရလာတဲ့ အချက်အလက်တွေ အကုန်ပါချင် ပါမယ်။ ပါချင်မှလည်းပါလိမ့်မယ်။ ရယူ စုဆောင်းမိတဲ့ အချက်အလက်တွေထဲကနေမှ လူစိတ်ဝင်စားမယ့် အချက်အလက်ကိုပဲ ရွေးပြီး တင်ပြထားရင် ဒါဟာ သတင်းဖြစ်တယ်။

သတင်းမှာ ဘာတွေ ထပ်ပါလာနိုင်သေးသလဲ။ သတင်းအချက်အလက်နဲ့ မတူတာက သတင်းမှာ သက်ဆိုင်ရာ သတင်းဌာန ဒါမှမဟုတ် မီဒီယာပေါ့။ သူ့ရဲ့ အာဘော်ပါမယ်။ သူတို့အမြင်တွေ၊ ရှုထောင့်တွေ ပါလာမယ်။ ကောက်ချက်၊ မှတ်ချက်တွေ စတဲ့ ရောစာတွေ ပါလာမယ်။ ဒါကြောင့် သတင်းကို ဖတ်ရင် ဒီသတင်းဌာနတစ်ခုတည်းကိုပဲ စွဲပြီး မဖတ်သင့်ဘူး။ အနည်းဆုံး သတင်းဌာန နှစ်ခုရဲ့ တင်ပြချက်တွေကို ယှဉ်ပြီး ဖတ်သင့်တယ်။ သတင်းဌာနတစ်ခုတည်းကပဲ စွဲစွဲမြဲမြဲ ဖတ်တဲ့အခါမှာ ကိုယ့်တွေးခေါ်မှုအပေါ်မှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာစေနိုင်တယ်။ ကိုယ့်မှာ သူတို့ရဲ့ အာဘော်က လွှမ်းမိုးနေပြီကိုး။ ဒါကတော့ ကြုံလို့ ပြောတာပါ။ ကဲ ဆက်ကြရအောင်။ အဲတော့ သတင်းဟာ သတင်းအချက်အလက်တွေကို စုပြီးမှ ပြန်စီထားတာ ဖြစ်တဲ့အတွက် secondary sourceဖြစ်တယ် ဆိုတာ ထင်ရှားပြီလို့ ယူဆတယ်။

You've reached the end of published parts.

⏰ Last updated: Dec 27, 2021 ⏰

Add this story to your Library to get notified about new parts!

News or informationStories to obsess over. Discover now