အပိုင်း-၂၈

Start from the beginning
                                    

"ကျွန်တော်..."

Ring....ring....ring..."

စားပွဲပေါ်မှဖုန်းသံသည် ကန်တင်းတစ်ခုလုံး နဖုံးလွှမ်းနိုင်သော်လည်း ကျွန်တော့်အတွက် ကျားဟိန်းသလို။

"အင်း...မှူး ကိုင်လိုက်ပါ "

"ဟဲလို..."

"မှူးသံဇဥ်လားခင်ဗျ"

တစ်ဖက်မှ အသက်ခပ်လတ်လတ်လူတစ်ဦးအသံ။

"ဟုတ်..ဟုတ်ပါတယ်ဗျ"

မေမေ့ဖုန်းက ဒီလူဆီကို ဘယ်လိုရောက်နေမှန်း မှူးလဲမသိ။

"ဖုန်းပိုင်ရှင်နဲ့ ဘာတော်ပါသလဲ"

"အမေပါ.."

တစ်ဖက်မှအသံသည် အတန်ကြာတိတ်ဆိတ်သွားပြီးမှ

"ကျွန်တော့်တို့အခု ပဲခူး ဆေးရုံကြီး ကဆက်နေတာပါ...အမျိုးသမီးနှစ်ဦး ကားအင့်စီးဒန့်ဖြစ်လို့ အရေးပေါ်ဆေးရုံတင်ထားရပါတယ် လူနာရှင်များအခုလာခဲ့ပေးပါ"

"ဘုတ်..."

မှူးလက်ထဲမှဖုန်းသည် မြေပြင်ပေါ်သို့ အတားအဆီးမဲ့ပြုတ်ကျသွားသည်။ထို့အတူ ရင့ထဲတွင်လဲ ပူလောင်ခြင်းမီးတောက်များဖြင့်။

"မှူး...ဘာလို့လဲ အန်တီမဟုတ်ဘူးလား..."

"မေမေတို့ ကားအင့်စီးဒန့်ဖြစ်လို့ ဆေးရုံတင်ထားရတယ်တဲ့...အခြေအနေဆိုးတယ်တဲ့"

လေးကန်စွာထွက်လာသည့်စကားများကို အကိုလင်းဆက်က စိတ်ဝင်တစားနားထောင်ပေးသည်။

အတားအဆီးမဲ့စွာ ကျလာသောမျက်ရည်များကိုလည်း ကူသုတ်ပေးသေးသည်။

"မှူး....ဘာလို့ငိုနေတာလဲ"

ချော့တဲ့ကလေး ပိုငိုတယ်ဆိုသလို အေးချမ်းအေ င်အမေးကြောင့် ကျွန်တော်ပိုကာငိုမိတော့သည်။

"ဆေးရုံလိုက်သွားကြရအောင်.."

ကျွန်တော့်ခြေလှမ်းတွေဟာ အယောင်ယောင်အမှားမှား။

အကိုလင်းဆက်က ကားကိုလဲအရှိန်မှန်မှန်မောင်းရင်း ကျလာသမျှမျက်ရည်များကိုလည်း သုတ်ပေးနေသည်။

အဆင်ပြေမှာပါဆိုသည့် စကားကိုလည်း ဆက်တိုက်ပြောရှာသေးသည်။ကျွန်တော့်မှာ ဒီအမျိုးသမီးနှစ်ဦးပဲရှိတော့တာ။ သူတို့သာ ထားပြစ်ခဲ့ရင်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now