မုချိုး၏အမူအရာမှာ အတင်းအကျပ်ခိုင်းစေခဲ့ရသည်ပုံ။ကုတင်ကို စစ်ဆေးပြီးနောက် ကုတင်တိုင် ယိုယွင်းသွားလို့ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရပေမယ့်လည်း ဇနီးဖြစ်သူနဲ့ စကားအငြင်းမပွားလိုတဲ့အတွက် ဘာမှမပြောဘဲ အဲဒီနေရာမှာသာ ရပ်နေခဲ့သည်။ဒီလိုအခြေအနေမျိုးမှာ ငါ့ဇနီးလေးနဲ့ ရန်မဖြစ်သင့်ဘူး!!

ဒါပေမယ့် အဲဒီညက ဖြစ်ပျက်ခဲ့တာကို ထုတ်လုပ်ရေးအဖွဲ့ကလူတွေက သိကြသည်။ကုတင်​​တောင်​ပြိုကျတဲ့အထိ ပြင်းထန်အောင်​ လုပ်​ကြပါရောလား။မုချိုးက အရမ်းကြိုးစားခဲ့တာ သေချာတယ်။ မယုံနိုင်စရာပဲ! အားလုံးက တူညီတဲ့ အတွေးတွေကို တွေးရင်း မျက်နှာတွေကို ဖုံးထားကြသည်။တစ်ညကို ခုနစ်ခါလောက် လွှတ်(ပြီး)လိုက်ရတာ ဘာမှမဟုတ်ပေမယ့် ကုတင်​ပြိုကျသွားတာကတော့ တကယ့်ကိစ္စကြီးပါပဲ။

ဒါက ယောက်ျားတွေကြားက ရန်ပွဲပဲ!

"ထမင်းမစားနဲ့!" ရွာလူကြီးက နှုတ်ဆက်ပြီး ထွက်သွားသောအခါ ကျုံးလီဖုန်းပိုင်သည် မုချိုးကို ဒေါသတကြီးကြည့်လိုက်သည်။ "ခင်ဗျား ဒီည အိမ်ခေါင်မိုးပေါ်မှာ အိပ်။အိပ်ရာပေါ်တက်လာရင် ခင်ဗျားကို ကွာရှင်းလိုက်မယ်။အမှန်တော့ ခင်ဗျားကို အခုချက်ချင်းပဲ ကွာရှင်းလိုက်တော့မယ်!"

ဒီတစ်ခါ!

ငါ​တော့!

တခြားလူ​တွေရဲ့ မျက်လုံးတွေကို!

မကြည့်ရဲ​တော့ဘူး!

“အဲဒါ ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။” မုချိုးက ကျုံးလီဖုန်းပိုင်ကို ခွံ့ကျွေးနေရင်းနဲ့ နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်သည်။

"ကုတင်ပြိုကျသွားတာက ကြီးကြီးကျယ်ကျယ်ကိစ္စ မဟုတ်ဘူး!" ကျုံးလီဖုန်းပိုင်သည် သူ့ပါးစပ်ထဲတွင် ဆလတ်တစ်ရွက် တန်းလန်းနဲ့ အော်ဟောက်လိုက်သည်။

ရှက်စရာကြီး!!!

ဒါရိုက်တာကျုံးသည် ပြင်းထန်စွာ အဆုံးစွန်ထိ ပေါက်ကွဲသွားသော်လည်း ဖြေ​လျှော့ဖို့ရာ လူနှစ်ယောက်ကြားတွင် ရန်ဖြစ်ခြင်းမျိုး ရှိ​နေရမည်။အခုကျ​တော့ ဒေါသကြီးတဲ့သူနဲ့ တိတ်တိတ်ဆိတ်ဆိတ် သမားတစ်​ယောက်က ရန်ဖြစ်လို့မရပြန်ဘူး။ထို့ကြောင့် ကျုံးလီဖုန်းပိုင်သည် သူ့ဘာသာသူ ခဏတာမြည်တွန်​တောက်တီး​​နေလိုက်သည်။ခဏကြာ​တော့ အရမ်းငြီးငွေ့စရာကောင်းလာတာ​ကြောင့် ဒါရိုက်တာကျုံးသည် ဘာမှမပြောတော့ဘဲ တိတ်တိတ်လေးသာ ပြန်နေ,နေ​တော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now