" ဟုတ်တယ် ငွေစင် ရဲ့ အရင်ရက်တွေတုန်း က လရောင်ပဲ ပြုစုပေးခဲ့တာ ''

" မြူ ကရော ဘာလို့ မစောင့်ပေးတာလဲ ''

" အလုပ်တွေ ရှိသေးလို့လေ လရောင် က သူ့အလုပ်ကိုတောင် အနစ်နာခံပြီး ခွင့်ယူပြီး ပြုစုပေးတာတောင် ကျေးဇူးမတင်ချင်ဘူးလား ငွေစင်''

" အဲ့အတွက်တော့ ကျေးဇူးပါ မိန်းခလေး '' ဟု ဘုဆက်ဆက် အသံဖြင့် ပြောသည်

" လူတစ်ယောက် ကို ကျေးဇူးတင်ချင် ရင် ထို လူရဲ့ နာမည်ကို ခေါ်ပြီးပြောရတယ် ဆိုတာကော ရှင် သိတယ်မလား ''

အစ်မ ဆီ က မျက်စောင်းတစ်ချက် ကျမ ဆီ ရောက် လာပြီးနောက်

" ကျေးဇူးတွေ အရမ်းကို တင်လှပါ၏ လရောင်ကြူးရင့် ရှင် ''

အစ်မ ရဲ့ အခု ပုံစံလေး ဟာ လည်း သိပ်ကို ချစ်စရာ ကောင်းလှပါသည်

" ခေါင်း ကို အလုပ်ပေးလိုက်ရလို့ ထင်တယ် ခေါင်းနည်းနည်း မူးချင်သလိုဖြစ်ပြီးတော့ ငွေစင် အိပ်ချင်နေပြီ မြူ ''

" ဟုတ်သားပဲ Sorry ပါ ငွေစင်ရယ် မြူတို့တွေ စကားအများကြီး ပြောခိုင်းမိပြီ ''

" သိလည်း ပြီးတာပဲ အခုတော့ အိပ်ချင်နေလို့ အိပ်ပြီ ''

"ကောင်းကောင်း အနားယူ နော် ငွေစင် '' ဟု ပြောလိုက်ပြီး လရောင် ကို မျက်ရိပ် ပြကာ အပြင်သို့ ထွက်လာကြသည်

" ဘယ်လိုဆက်လုပ်ကြမလဲ လရောင် ''

" ဘယ်တတ်နိုင်မလဲ မမမြူရယ် လက်ခံပြီးတော့ ပဲ အစ်မ အနားမှာ နေရတော့မှာပေါ့ ''

" မမမြူ လည်း ငွေစင့် ကို ဘေးက နေ ပြောပြောပြပေးနေပါမယ်နော် အရမ်းကြီးလည်း စိတ်မညစ်ပါနဲ့နော် လရောင် ''

" ကျေးဇူးပါ မမမြူ ဒါနဲ့ မမမြူ ဒီည အိပ်ပြန်မအိပ်ဘူးလား ''

" မမမြူ ဒီညတော့ မပြန်တောဘူး အဲ့ဒါကြောင့်မလို့ လရောင် အိမ်ပြန်အိပ်လိုက်နော် အစ်မ တို့ တွေနောက်ရက်တွေလည်း လူပြန်ချိန်း ရအုံးမှာ ဆိုတော့ အဲ့လိုလုပ်တာ ပိုကောင်းမယ် ''

" ဟုတ်ကဲ့ မမမြူ ညီမ လည်း ပြန်လိုက်တာပိုကောင်းပါတယ်လေ ''

It's You Where stories live. Discover now