Part 21

2.5K 138 1
                                    

မြို့ပြရဲ့ ဧည့်ခန်း တစ်နေရာ တွင် လူ လေးယောက် တိတ်ဆိတ်စွာ ထိုင်နေကြသည်

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သူကတော့ အမျိုးသမီး ငယ် တစ်ဦး

"အန်တီ တို့ ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ
ဒီ နိုင်ငံ ကို နောက်ထပ် ခြေမချတော့ဘူးဆို ''

ခပ်ဆွေးဆွေး မျက်ဝန်းတွေနဲ့အတူ ပြုံးသယောင်ယောင် ရှိတဲ့ နှုတ်ခမ်း တစ်စုံ ပိုင်ရှင် အမျိုးသမီးကြီး က  စကားတစ်ချို့ကို ပြောလာသည်

" တာရာ လေး ကို လွမ်း တာရော ပြီးတော့ သမီး ကိုလည်း တောင်းပန် ဖို့ လာခဲ့တာ ''

" သမီး ကို တောင်းပန်မယ် ဟုတ်လား အန်တီ ''

" ဟုတ်တယ်ကွယ် ''

" သမီး ကို တောင်းပန်ရမှာ မဟုတ်ပဲ ဖေဖေ နဲ့ မေမေ ပြီးတော့ တာရာ ကို တောင်းပန်ရမှာ ''

ငွေစင် ပြောရင်းနဲ့ မျက်ရည် တွေ စီးကျလာသည် မျက်ရည်တွေ ကြားထဲက ပဲ နောက်ထပ် စကားတစ်ခွန်းကို ထပ်ဆိုသည် 

" တောင်းပန်လိုက်ရုံနဲ့ အရင် က အဖြစ်အပျက်တွေက ပျောက်သွားမယ်တဲ့လား ''

" အန်တီ တို့ နောင်တ တွေ ရနေပါပြီ အန်တီ တို့သာ အဲ့အချိန်တုန်း က အဲ့လိုမျိူး သာမလုပ်ခဲ့ရင် အခုအချိန် မှာ ပျော်ရွင်နေရမယ်ထင်တယ် သမီးရယ် ''

" ကျော်လွန်သွားပြီ အန်တီ နောင်တရတယ့် အချိန်ဟာ တအား ကို နောက်ကျသွားပြီ ''

" ဦးတို့ တွေ အမှားကြီး မှားခဲ့ကြတာ ' တာရာ' လေးကိုသာ လက်ခံပေးခဲ့ရင် နားလည်ပေးခဲ့ရင် အခုလို နာကျင်စရာတွေ ရှိခဲ့မှာ မဟုတ်ဘူး ''

" ဒါဟာ ဦးတို့ အန်တီ တို့ရဲ့ အတ္တ တွေ ကြောင့် ဆိုတာ သိသွားပြီ ပေါ့ လေ ''

" အန်တီ တို့ အမှားတွေ ကို လည်း နောင်တ ရပြီးတော့ အမှား ပြင်ဆင် ပြီး နေခဲ့ကြပါတယ် ''

" သမီး ကတော့ အန်တီ တို့ ကို ခွင့်မလွတ်နိုင်သေးဘူး အခုချိန်ထိ မေ့မေ့ ပျောက်ပျောက် နေလာခဲ့တာ ''

" အန်တီ တို့ ကို မုန်းခဲ့မှာပေါ့ မုန်းလည်း မုန်းသင့်ပါတယ်လေ ''

It's You Where stories live. Discover now