" မဖြစ်နိုင်တာ ''

" မယုံချင်လည်း​နေ လက်တော့ခံရမယ် ငွေစင် ''

" မိန်းခလေးတွေ လေ ဖြစ်နိုင်ပါ့မလား ''

" ဖြစ်နိုင်သည် မဖြစ်နိုင် သည် ကို​တော့ အရင်က ငွေစင် ကို သာ ပြန်မေးမှ ရမယ် အခုတော့ မြူပြောတာ ကိုပဲ မှတ်ထားပေး ''

" ချစ်သူတွေဆိုလည်း ပြီးရောပါ ဒါပေမယ့် ဒိီမိန်းခလေး ကိုတော့ ဘဝ မကျဘူး ''

ငွေစင့် အပြောကို ကြားလိုက်ရတော့ မြူ လေ လရောင် ကို တအား အားနာသွားရသည်

" ဘဝင် မကျ လည်း မတတ်နိုင်ဘူး ကျမ က ရှင့်ချစ်သူမို့ ရှင့်အနားမှာ ရှိနေမှာ ဖြစ်တဲ့အတွက် ကျမ ကို မမြင်ချင်လည်း သည်းခံပြီးကြည့်ပေးရမယ် ''

ကျမ ထိုသို့ ပြောလိုက်တော့ အစ်မ က ကျမ ကို ဘု ကြည့်ကြည့်သည် တစ်ဆက်တည်း မမမြူ ကို စကားဆက်ပြောဖို့ ဟန်ပြင်လိုက်ပုံပါပဲ

" မြူ ဆေးရုံ ဘယ်တော့ ဆင်းရမှာလဲ ''

" ဆရာဝန်တွေ ကတော့ စောင့်ကြည့်ရအုံးမယ် ပြောတာပဲ ဆေးရုံတော့ ချက်ချင်းကြီး ဆင်းလို့မရသေးဘူးလေ ဒေါ်ငွေစင်ကြယ် ''

" ဆေးရုံမှာ မနေချင်တော့လို့လေ ဆင်းလို့ရမလား တောင်းဆိုကြည့်ပါလား မြူ ရယ် ''

" ဒီမှာ ရှင် ခလေး လို ပူဆာ မနေနဲ့ ဆရာဝန်တွေ က ဆင်းလို့မရသေးလို့ မဆင်းခိုင်းတာပေါ့ ''

" မင်း ကို မပြောဘူး လရောင်ကြူးရင့် ''

" ရှင် ရှင်နော် ''

" မင်း မပြန်သေးဘူးလား ဒီမှာ မြူနဲ့စကားအေးဆေးပြောစရာရှိတယ် အလိုက်တသိလေး ပြန်လိုက်ရင် ကောင်းမယ် ''

လရောင် နှုတ်ခမ်း ကို တွန့်ကွေးပြီး ပြုံးပြလိုက်သည်

" အော်ကွယ် ဘယ်လိုလုပ်မလဲ ကျမ က လူနာစောင့်ရှင့် ရှင် သတိမရတဲ့ ရက်တွေ တုန်းက ကျမ ပဲ စောင့်ပေးခဲ့တာ ရှေ့ဆက်ပြီး လည်း ကျမ ပဲ တာဝန်ယူမှာ ဖြစ်တဲ့အတွက် စိတ်မကောင်းပါဘူးရှင် ''

အစ်မ က သူ့မျက်နှာ ကြီး ကို မျက်မှောင်ကြုံ့ ပြီး ရှုံ့မဲ့ သွားတာပဲ

It's You Where stories live. Discover now