ပန်းသွေး၏အိပ်ယာထဲကမျက်နှာပြောင်ရှင်းရှင်းနှင့် ညအိပ်ဝတ်စုံပန်းရောင်လေးကပန်းသွေးကိုပို၍ငယ်စေသယောင်၊ မြင်နေကျ စတိုင်ကျကျ မိန်းခလေးအသ်င်နှင့်မဟုတ်ပါပဲ သူ၏စိတ်ထဲ ခလေးဆန်လိုက်တာဟုတွေးထင်မိသည်အထိ ပန်းသွေးကသူ၏မျက်ဝန်းထဲမှာချစ်စဖွယ်။
"ပန်းသွေး...ပန်းသွေး...ထတော့လေ ၇ နာရီထိုးနေပြီ အလုပ်သွားရအုန်းမှာမဟုတ်လား"
"အင်း...ခဏလေးငါးမိနစ်လောက်အိပ်ချင်သေးတယ်"
"အခုမထရင် ကိုယ်အိပ်ယာထဲကဆွဲထူမှာနော်"
ကိုယ် ဆိုသည့်အသုံးအနှုန်းကြောင့် ချက်ချင်းဆိုသလိုမျက်ဝန်းများပွင့်လာပြီး သူ့အားငုံကြည့်နေသည့်နေဝန်းကိုမျက်တောင်များပုတ်ခတ်ကာငေးကြည့်နေမိသည်၊ သူထင်တာက လာနိုးသည့်သူက ဒေါ်ဒေါ်အထင်ဖြင့်ဆက်ပြီးမှေးဖို့ကြံရွယ်ပေမဲ့အခုတော့ထိုသို့မဟုတ်တော့ချေ၊ ချက်ချင်းဆိုသိလို စောင်ကိုရင်ဘက်ပေါ်ဆွဲတင်လိုက်ပြီး ကောက်ခါငင်ကာထထိုင်လိုက်သည်။
"နေ..နေဝန်းက ပန်းသွေးအခန်းထဲဘယ်လိုလုပ်ရောက်နေတာလဲ"
"ကိုယ်တံခါးလဲခေါက်တယ် အပြင်ကနေလဲခေါ်တယ် ပန်းသွေးမကြားဘူးထင်လို့ဝင်လာလိုက်တာ ညက ပန်းသွေးက ဆေးမသောက်ပဲအိပ်သွားတယ်ဆိုလို့စိတ်ပူပြီးလာကြည့်ဖြစ်သွားတာလဲပါတယ်"
ဘာကိုရှက်လို့ရှက်နေမိမှန်းမသိသည့်စိတ်ကြောင့် နိုးကစပန်းသွေး၏ ပါးနှစ်ဖတ်ကအသားဖြူအုအုပေါ်မှာနီမြန်းနေသယောင်။
"ဟို ပန်းသွေးလဲနိုးလာပြီပဲ မျက်နှာသစ်တော့မလို့ အခန်းထဲကထွက်ပေးပါလား"
"အာ...ဟုတ်သားပဲ ကိုယ်သွားပြီနော် အောက်မှာစောင့်နေမယ်"
အခန်းတံခါးပိတ်သွားတော့မှ သက်ပြင်းလေးခိုချမိသည်၊ အဲကွန်းဖွင့်ထားသည်တောင် ပူထူနေသည့်ခံစားချက်ကြောင့် ရေတစ်ခါထဲချိုးလိုက်လေသည်၊ ထို့နောက်တော့ သူမပြင်ဆင်နေကျပုံစံအတိုင်း မျင်နှာထက်မှာ မိတ်ကပ်ခတ်ပါးပါးနှင့် နှုတ်ခမ်းနီအရောင်ဖျော့ဖျော့ကိုဆိုးကာ လည်တိုင်အဆက်နားကိုရေမွှေးပါးပါးဆွတ်လိုက်သေးသည်။
လူငယ်ဆန်သည်လဲမဟုတ်ပေမဲ့ အထက်ဝန်ထမ်းရာထူးနှင့်အညီလိုက်ဖတ်စွာပြင်ဆင်ထားသည့် ပန်းသွေး၏အပြင်အဆင်ကသူ့အားပံ့ပိုးပေးနေသယောင်၊ လှေကားပေါ်မှနေဆင်းလာတော့ အောက်မှာစောင့်နေသည့်နေဝန်းကသူမကိုပြုံးပြသည်။