သူတို့၏အဖေဖြစ်သူ ကျန်းမာရေးဆိုးရွားလာမှုကြောင့် စေ့စပ်ပွဲကို နောက်ဆုတ်ထားခဲ့ပြီး ပြန်ကျန်းမာလာခဲ့လျှင် လုပ်ဖို့စဉ်းစားထားသည့်ကိစ္စတစ်ခုဖြစ်သော်လဲ ယခုမှာမှု ဦးဇေယျာလင်းဆုံးပါးသွားသည့်နောက်တော့ သူတို့သာလျှင်ဦးဆောင်လုပ်ကိုင်ရတော့မည်ဖြစ်သည်။
စေ့စပ်ပွဲပြီးသည်နှင့် လက်ထပ်ရန်ပွဲပြင်ဆင်ရမည်ဖြစ်ပြီး ဦးဇေယျာမသေဆုံးခင်ကထဲက ကြိုတင်လက်ဖွဲ့အနေဖြင့် တိုက်တစ်လုံးကားတစ်စီးအပါအဝင် လက်ဝတ်ရတနာတစ်ဆင်ဆာကိုလဲ လဲ့ယဉ်စိမ်းတို့မိသားစုအတွက်စာချုပ်စာတမ်းများအပါအဝင် သေချာစွာရှေ့နေ့များနှင့်အပ်ထားပြီးခဲ့ပြီဖြစ်သည်။
ထိုစကားများပြောပြီးနောက်တော့ ထမင်းစားဝိုင်းကပြန်လည်တိတ်ဆိတ်သွားခဲ့ပြီး မောင်နှစ်မနှစ်ယောက်၏ထမင်းစားဝိုင်းကအရင်ကလောက်မစိုပြေတော့တာအမှန်ပါ။
မနတ်ဖြန် တနင်္ဂနွေနေ့ဖြစ်၍ နေဝန်းအိမ်ပြန်သွားသည်ကိုကျေးဇူးတင်ရမည်၊ မဟုတ်လျှင် မောင်နှမနှစ်ယောက်၏အေးဆက်ဆက်ထမင်းစားပွဲဝိုင်းကိုတွေ့မြင်နေရအုန်းမည်။
×
ရုံးသွားရန်မနတ်ရောက်တော့ ခါတိုင်းအချိန်စောစီးစွာပန်းသွေးအိမ်ကိုရောက်နေပါသောနေဝန်း၊ ကိုရန်နောင်၏ ခြေထောက်မသက်သာသေး၍ နေဝန်းသာ ကာမောင်းပေးရလေသည်၊ ထို့ကြောင့် စောစောစီးစီးပန်းသွေးအိမ်သို့လာကာ ကားရေဆေးဆိုင်မသွားခင်ကားစစ်ဆေးမှုများပြုလုပ်နေခဲ့ပြီး ပန်းသွေးအခါကိုစောင့်နေခဲ့သည်။
ပန်းသွေးထက်အရင် ကောင်းကင်က အလုပ်သွားသောအခါ ကားစစ်ပြီး၍ ဧည့်ခန်းထဲထိုင်နေသော နေဝန်းနှင့်အကြည့်ချင်းဆုံတိုင်း နေဝန်းအားစူးစမ်းသောအကြည့်နှင့်အမြဲကြည့်ပါသောကောင်းကင်းကြောင့် နေရတာ အောင့်သီးအောင့်သက်ဖြစ်လှသည်။
ထက်ကောင်းကင်၏ကားခြံထဲမှထွက်သွားမှ သက်ပြင်းသဲ့သဲ့ချမိသေးသည်၊ မကြာပါ ပန်းသွေးသည်လဲ အိမ်ပေါ်ထက်မှဆင်းလာပြီးသူမနားသို့လျောက်လာလေသည်။
"ဒီနေ့ အလုပ်မသွားခင် ကမ္ဘာအေးဘက်ကိုခဏသွားမယ်နော် နေဝန်းကနေရာမသိသေးတော့ ပန်းသွေးနောက်ကနေပြောပြပေးမဲ့"
"ဟုတ်ကဲ့...ဒါဆိုသွားကျတော့မလား"