3

368 79 15
                                    

ဆယ်ဟွန်း ဂင်မ်ဂျုံအင်အလာကို ရုံးခန်းထဲမှာ ထိုင်စောင့်နေရသည်။အရင်က ရီရှင်းနဲ့သာတွေ့ဖို့လုပ်ထားပေမဲ့ အခု ရီရှင်းကခရီးသွားနေရသည်။မတွေ့မဖြစ်ဆိုတော့ သူကပဲတွေ့ရတော့မည်။ ကိုယ့်ဘာသာအတွေးပေါက်နေသည်ကတစ်ကြောင်း၊ ရီရှင်းရဲ့ပြောစကားတွေက တစ်ကြောင်းနဲ့မို့ ဆယ်ဟွန်း ဂင်မ်ဂျုံအင်နဲ့တွေ့ရမှာ အနည်းငယ်တော့ အနေခက်မိလျက်။

ရုံခန်းထဲမှာ ဟိုပြောင်းထိုင် ဒီပြောင်းထိုင်နှင့် ခြေချိတ်ထားလိုက်၊ လျော့ရဲရဲထိုင်လိုက်နှင့် ဆယ်ဟွန်း ဂနာမငြိမ်။

" ဒါရိုက်တာအို   CEOဂင်မ်ရောက်ပါပြီဗျ ။ "

တံခါးခေါက်သံနဲ့အတူ အတွင်းရေးမှူးရဲ့စကားသံကြောင့် ဆယ်ဟွန်း တုန်သွားမိကာ ဖိုင်လွတ်ကျသွားမိလျက်။

" ငါရောက်ပြီ။ "

တံခါးဖွင့်ပြီး ဝင်လာသည့် ဂင်မ်ဂျုံအင်ကြောင့် ဆယ်ဟွန်းပျာယာခတ်နေသည့် အမူအရာတွေကိုချက်ချင်းထိန်းပစ်ရသည်။

" ထိုင် ။ "

သူ ညွှန်ပြရင်းဆိုတော့ သူ့ရှေ့မှာဝင်ထိုင်သည်။
သူကသာ ဘာမှမဟုတ်ဘဲ စိတ်လှုပ်ရှားနေတာ။ ဂင်မ်ဂျုံအင်က တည်ငြိမ်လွန်းနေသည်။

"  စပြောကြတာပေါ့  "

ဂင်မ်ဂျုံအင်ဘက်မှစပြောလာချိန် ဆယ်ဟွန်းခေါင်းသာငြိမ့်လိုက်မိပါသည်။ အလုပ်ကိစ္စ​ပြောနေစဥ်အတွင်း တိကျပြတ်သားကာ ၊ တည်ငြိမ်လှသည့် ဂင်မ်ဂျုံအင့်အသွင်အပြင်ကိုတော့ ဆယ်ဟွန်းချီးကျူးပါသည်။ ဂင်မ်ဂျုံအင်က တကယ်နာမည်ရှိသည့်အတိုင်း တော်တာကိုတော့ သူလက်ခံသည်။

" ငါတို့အလုပ်ကိစ္စပြောပြီးပြီဆိုတော့ ။ ကိုယ်ရေးကိုယ်တာကိစ္စလည်းပြောချင်တယ် "

ဂင်မ်ဂျုံအင်ရဲ့ ပွင့်လင်းစွာဆိုလာမှုကြောင့် ဆယ်ဟွန်း ဖိုင်တွေကိုသေချာစုနေသည့်လက်တွေ ရပ်တန့်သွားမိသည်။ သူအဲ့ဒီကိစ္စကို ရှောင်ပြေးနေခဲ့တာ။ တစ်နေ့နေ့တော့ ထိပ်တိုက်တွေ့ရမည်ဆိုတာ သူသိသည်။ သို့သော် သူအသင့်မဖြစ်သေး။

" မင်းနဲ့ငါ့ကြား ပြောစရာရောရှိလို့လား။"

"မင်းဘက်ကမရှိတာပါ ။ ငါ့ဘက်ကတော့ရှိတယ်။ "

Gift [လက်ဆောင်]Where stories live. Discover now