Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Pro

176 28 10
                                        

Unicode

"တကယ်လို့ အဲ့လူသာပြန်ရောက်လာရင် သူကဘာဖြစ်သွားမှာလဲဟင် နိုင်နိုင်း"

"ကဲ..အဖွားပြောတာနားထောင်နော် အဲ့ဒီအိမ်ကြီးဘက်မသွားရဘူးကြားလား ကျိန်စာမိနေတဲ့နေရာတွေကကံနိမ့်စေတယ် "

စကားလမ်းကြောင်းလွှဲပြီး သတိပေးစကားသာဆိုလာတဲ့ အမယ်အိုကို မြေးငယ်ရှောင်ရိက စိတ်ပျက်သွားဟန်။သူက ဒါလေးဘဲသိချင်တာကို။အဖွားက အမြဲ ဒီနေရာကိုဖျက်ချပစ်တာ။ ပြောပြရင်လည်းအဆုံးထိတော့ပြောပြရမှာပေါ့။ တို့လို့တန်းလန်းလုပ်တတ်တာမျိုး လူကြီး၊လူငယ်မပြောနဲ့ကလေးတောင်သဘောမတွေ့ဘူး။

မေးတိုင်း အမြဲအဲ့နေရာဆို ဆက်မပြောတော့တာကြောင့် ကြာတော့လည်း သူစိတ်ပျက်လာတယ်။
သိချင်တယ် သိချင်တယ်လို့။

အိပ်ရာထဲ စိတ်ပျက် လက်ပျက် လူးလှိမ့်ရင်း မကြာခင်ဘဲ ရှောင်ရိ အိပ်ပျော်သွားတယ်။အိပ်မက်ထဲမှာ
နေကြာပန်းခင်းကြီး ရယ် ပန်းခင်းအလယ်သူဟာ
သိပ်ကိုနူးညံ့နွေးထွေးမှုပြည့်နှက်နေတဲ့ လူငယ်လေးရဲ့ပွေ့ဖက်ထားခြင်းကိုခံထားရတယ်တဲ့။ မျက်နှာဟာ မြူခိုးတိမ်စိုင်တွေနဲ့ ကွယ်နေတာကြောင့် ရှောင်ရိ သေချာမမြင်ရပေ။ဒါပေမဲ့ သူအရမ်းပျော်နေပါတယ်။

"ရစ်  မင်းငါ့ကိုဘယ်တော့မှ ခွဲမသွားရဘူးနော်"

ချိုသာညိမ့်ညောင်းပြီး ‌လေပြေအေးလို အသံကြည်ကြည်လေးက တိမ်စိုင်တွေကွယ်နေတဲ့ လူငယ်လေး‌ဆီကထွက်ပေါ်လာခြင်းပင်။

တဆတ်တည်းမှာပင် သူဟာ အိမ်နဲ့အကြာကြီးခွဲခွာနေပြီးမှ ပြန်ရောက်လာတဲ့ သူလိုခံစားလိုက်ရသည်။

"လွန်ခဲ့တဲ့ နှစ်၅၀လောက်က အဲ့ဒီအိမ်ကြီးက မှော်ဆရာတစ်ယောက်ပိုင်ခဲ့တာ ၊ လက်ထပ်ခါနီး ထွက်ပြေးသွားတဲ့ ဇနီး‌လောင်းကို ကျိန်စာတိုက်ပြီး
ပန်းချီကားထဲ ထည့်ပိတ်ခဲ့တာတဲ့၊ နောက်တစ်ခု
ထူးဆန်းတဲ့အကြောင်းကိုပြောရမယ်ဆိုရင်
ဇနီးလောင်းက ယောင်္ကျားလေးတစ်ယောက်ဘဲ၊
ကြည့်ရတာ ဟိုးခေတ်တွေတည်းက ဝတ်ရုံလက်ပြတ်ကိစ္စတွေကရှိခဲ့ပုံပါပဲ "

CURSEHistórias para pegar e não largar. Descubra agora