သူမနက်စာစားရန် စားပွဲတွင်ဝင်ထိုင်လိုက်ပြီးနောက် ဒေါ်မြိုင့်ကိုမေးလိုက်သည်။

"လူကြီးက ဘယ်သွားတာလဲ ဒီနေ့ရုံးပိတ်ရက်ကိုလေ"

"ဒေါ်မြိုင်လဲ မသိဘူးကွဲ့ ဘယ်သွားလဲမပြောသွားဘူး ပုံစံကတော့ ရုံးသွားတဲ့ပုံတော့မဟုတ်ဘူး"

"ဪ"

ထို့နောက် ရှေးနှောင်းဆက် ဘာမှဆက်မေးမနေတော့ဘဲ မနက်စာသာစားနေလိုက်တော့သည်။

မနက်စာစားပြီးသည်နှင့် ရှေးနှောင်းဆက် ခြံထဲလမ်းဆင်းလျှောက်လိုက် အပေါ်သို့ပြန်တက်လိုက်နှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပျင်းလို့နေသည်။

တစ်မနက်လုံး လုပ်စရာရေရေရာရာ မရှိပါဘဲနှင့် သူအလုပ်ရှုပ်နေသည်။ ဂိမ်းဆော့လိုက် ဖုန်းကြည့်လိုက်နှင့်ပင် တစ်မနက်လုံးကုန်သွားကာ နေ့လယ်ခင်းချိန်တွင်တော့ သူအပြင်သွားလည်ဖို့ဆုံးဖြတ်လိုက်သည်။

နေ့ခင်းကြောင်တောင်နေပူပူမှာ အပြင်သို့ထွက်ရသည်က မကောင်းသော်လည်း အိမ်ထဲမှာပဲလဲ မနေချင်တာကြောင့် ရှေးနှောင်းဆက် အနီးအနားမှ Coffee Bloom ဆိုသည့် ကော်ဖီဆိုင်လေးသို့သာ ထွက်လာလိုက်သည်။

ကော်ဖီဆိုင်ရောက်သည်နှင့် သူ Espresso တစ်ခွက်နှင့်မုန့်မှာကာ ကော်ဖီဆိုင်တွင်ရှိသည့် စာကြည့်စင်လေးမှ စာအုပ်တစ်အုပ်အားယူကာ ဖတ်နေလိုက်သည်။ သူ့အိမ်မှာလဲ စာအုပ်တွေရှိတယ်ဆိုပေမယ့် အများအားဖြင့်တော့ စီးပွားရေးနဲ့ဆိုင်တဲ့စာအုပ်တွေဖြစ်တာကြောင့် သူမဖတ်ချင်ပေ။ အနည်းငယ်သာရှိသည့် စာအုပ်တွေကလဲ အကုန်ဖတ်ထားပြီးတာကြောင့် သူ့မှာစာကြည့်ခန်းသို့ပင်ဝင်ပြီး စာအုပ်မဖတ်နိုင်တော့ပေ။ အခုတော့ ဒီကော်ဖီဆိုင်လေးက ပတ်ဝန်းကျင်ကောင်းသလို သစ်ပင်ရိပ်နှင့်ပန်းပင်များဖြင့်အေးအေးချမ်းချမ်းရှိကာ တောလေးထဲမှာဆောက်ထားသလိုပင် စိတ်ကိုအေးချမ်းစေသည်။ ပြီးတော့ ဒီမှာသူမဖတ်ဖူးသည့် စာအုပ်များလဲရှိကာ ထိုင်နေသည့်လူများကလဲ ဆူညံမနေသလို တိတ်ဆိတ်နေကာ စကားပြောလျှင်လဲ တိုးတိုးလေးနှင့် နှစ်ကိုယ်ကြားသာ ပြောတာကြောင့် တော်တော်လေးကိုတိတ်ဆိတ်လေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now