ချစ်ရတဲ့ ဝမ့်ကို ကျောခိုင်းထွက်လာခဲ့သည်။ဒီတစ်ခါငါကအရင်ကျောခိုင်းပါရစေ။

နာလိုက်တာ.....တဆစ်ဆစ်နဲ့ကိုနာတာ...အထက်တန်းဒုတိယတစ်နှစ်လုံးချစ်တယ်ဆိုတဲ့စကားကိုတစ်ရက်မပျက်ပြောခဲ့တယ် ။ဒါလည်း ရိပေါ်ဘက်က သူ့ကိုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းမဟခဲ့ဖူးပါ။
ဒီတစ်ခါသူခရီးဝေးအကြာကြီးသွားရမှာမို့ ဝမ်ကပြောမယ်ထင်ခဲ့တာ။ အထင်နဲ့အမြင်ကတက်တက်စင်အောင်လွှဲ သူသွားမှာတောင်ရိပေါ်က ဝမ်းနည်းတဲ့အရိပ်အယောင်နည်းနည်းလေးတောင် မမြင်ရ။ရိပေါ်က သူ့ကိုမချစ်ခဲ့ဖူးလား။
************************************
နှစ်လ........ ချုံချင်မှာနေတာ နှစ်လပြည့် ရိပေါ်ဘက်ကအဆက်အသွယ်မလုပ်ခဲ့သလို သူ့ဘက်ကလည်း ကိုယ့်စိတ်ကိုယ်ထိန်းလို့အဆက်အသွယ်မလုပ်မိအောင်နေတယ်။ပါးပါးက shanghai ကိုတစ်လပြည့်တာနဲ့ပြန်သွားသည်။သူနဲ့မား ကတော့ ဘွားဘွားသိပ်နေမကောင်းလို့ကျန်ခဲ့ရတယ်။

"သားးး ထမင်းစားရအောင်"

"မစားတော့ဘူးး မား သားဗိုက်ပြည့်နေပြီ"

"သားနေမကောင်းဘူးလားး ထမင်းလည်းကောင်းကောင်းမစားဘူး"

"ကောင်းပါတယ်.....ဒီအတိုင်း ကျွန်တော်ဗိုက်ပြည့်နေလို့"

မားမားကပြောမနိုင်လို့ထင် အခန်းတံခါးပိတ်ထွက်သွားတယ်။သူကရော....သူကတော့ ရိပေါ်ကိုလွမ်းဆွတ်နေတုန်း....နေနိုင်လိုက်တာ ဝမ်ရာ မင်းတကယ် နေနိုင်လွန်းတယ်။

မျက်ရည်လေးတစ်စက်နဲ့အတူလေညင်းလေးလည်း "ဟင်း"သက်ပြင်းချလို့ လေနှင်ရာလွှင့်သွားလေပြီ။

************************************
ပိုချစ်ရသူကရှုံးရမြဲဆိုသည့်အတိုင်း ဝမ်ရဲ့တစ်ဉီးတည်းသောသူငယ်ချင်းဖြစ်သူ ဟောက်ရွှမ်းက ဝမ်ရိပေါ်ဖျားနေတယ်ဆိုပြီးဖုန်းဆက်လို့မားဆီအကျိုးအကြောင်းပြောကာ ချုံချင်ကနေ shanghai ကို flightနဲ့အမြန်ပြေးရသည်။

ဝမ်ကတစ်ကောင်ကြွက်... အသက်14နှစ်မှာမိဘနှစ်ပါးလုံး accident တစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်။မိဘတွေဆုံးပြီးကထဲက ဘယ်သူ့ကိုမှ အရောမဝင်တော့တဲ့ရိပေါ်က သူငယ်ချင်းအပေါင်းအသင်းရယ်လို့ များများစားစားမရှိ။ငယ်ငယ်ကတည်းကပေါင်းလာတဲ့ ဟောက်ရွှမ်းတစ်ယောက်တည်းသာရှိသည်။ ဝမ် ဘာပဲဖစ်ဖြစ် ဘာပဲလိုလို ထိပ်ကနေအမြဲရပ်တည်ပေးကါ ရှိနေပေးတတ်သူ။အခုသူကလည်း သူ့မိဘတွေရဲ့အလုပ်ကိစ္စကြောင့်တစ်ခြားမြို့ရောက်နေသည်တဲ့ ။ဒါကြောင့် သူ့ဆီ ဖုန်းဆက်အကြောင်းကြားပြီးဝမ့်ဆီ သွားခိုင်းခြင်း။

တီ တီ တီ

ဘဲလ် နှိပ်ပေမယ့် မထွက်လာတဲ့ ဝမ်ကြောင့် ရှောင်းကျန့်ရဲ့ စိုးရိမ်မှတ်က 100မှာ။

....တော်တော်ကြာမှ ဂျောက် ဆိုတဲ့အသံနဲ့အတူပွင့်လာတဲ့တံခါးနဲ့ ပြိုကျလာ​ေသာခန္တာကိုယ်လေး

"ဝမ်!!ဝမ်!!ဝမ်ရိပေါ်!!ထစမ်းးဝမ်!သတိထား"

အဖြူရောင် ဆွယ်တာလေးအတိုင်း.ဖြူလျော့နေတဲ့ ဝမ်က ဒီအတွင်းကို ပိန်သွားလိုက်တာ ပါးလေးတွေတောင်မဖောင်းတော့ဘူး။အရင်က စတော်ဘယ်ရီလေးလိုနူတ်ခမ်းလေးကလည်း အခုဆိုဖြူလျော့လို့ ။

"ဝမ်! ဝမ်!ငါ ဆရာဝန်ဆီ ဖုန်းဆက်လိုက်မယ်နော်"

"ဟင့်....အင်းးးး မ....ဆက်နဲ့"

"မင်းအရမ်းဖျားနေတာလေ"

"မ...ဆက်နဲ့"

"ကျစ်....အဲ့ဆို ငါ့ကိုခနလောက်လွှတ်ပါဉီးး မင်းအတွက် ရေပတ်တိုက်ပေးရအောင် ရေဇလုံသွားယူမလို့"

"မသွားနဲ့.....ငါနဲ့နေ....."

"မင်းအပူကျအောင် လုပ်မှဖြစ်မယ်"

"မင်းအရမ်းနားငြီးတာပဲ"

ဘယ်လောက်တောင်လွမ်းနေခဲ့ရတာလဲ......ဒီနူတ်ခမ်းလေးးး.....ချိုတယ်...အရောင်ဖျော့နေတာတောင်အရင်ကလိုချိုတုန်းပဲ ....နမ်းရင်းအရှိန်လျော့လာတဲ့ဝမ်က အိပ်ချင်နေပုံ။ မျက်လုံးတွေပါမှေးစင်းလာကာ သူ့နူတ်ခမ်းကိုလည်း ချိုချဉ်ငုံသလိုငုံနေသေး၏။

အိပ်နေတဲ့မျက်ခွံဖောင်းဖောင်းလေးတွေ နှာခေါင်းလုံးလုံး ပါးနှစ်ဖက်နဲ့ နဖူးလေးကိုကြာကြာ​ေလးဖိနမ်းလို့ နှစ်လ လုံးလွမ်းနေသမျှ ဖြေဖျောက်လိုက်တယ်။

သူ့ထက်ကြီးတဲ့လက်ချောင်းလေးတွေထဲကို သူ့လက်တွေ ယှက်ရင်း လက်တစ်ချောင်းချင်းစီတိုင်းကိုလည်း မြတ်မြတ်နိုးနိုးနမ်းမိတယ်။

"ဒီနှစ်လအတွင်း ငါသေချာခဲ့တာ တစ်ခုရှိတယ် ဝမ်.....ဘာလဲ  သိလား"

"မင်းကို အဆုံးရှုံးမခံနိုင်တာ......."

************************************
မေတ္တာသာ စစ်ရင် အဲ့အချစ်ကမင်းကိုသေချာပေါက်ရောင်ပြန်ဟပ်မှာပါ....

မင်းအချစ်သာစစ်မှန်ပါစေ.....

B O G(ZSWW)[Complete] Where stories live. Discover now