Chapter - 7 (Part 1)

Start from the beginning
                                    

ဒါက ​ကျောင်းကုန်းဇီ လူတစ်ယောက်ကို ​လည်ပင်းညှစ်​နေတဲ့အချိန်မှာ သူ့ရဲ့လက်ချောင်းတွေကို ငါ ဖယ်မထုတ်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။

အဆုံးမှာ​တော့ အစ်ကို(၅)က အဲ့လက်​တွေကို ခွာထုတ်ပစ်လိုက်ရတယ်။

အစ်ကို(၅)က ​ကျောင်းကုန်းဇီကို ကြေကွဲဖွယ်အမူအရာနဲ့ ကြည့်လိုက်တယ်, "​​ရှောင်း​လောင်, ငါ ......"

အစ်ကို(၅)က ​ကျောင်းကုန်းဇီနဲ့ အမှန်တစ်ကယ် ခိုးပြေးချင်​​နေတာလို့​တော့ ငါ့ကို မပြောနဲ့​နော်, အဲ့လိုသာဆိုရင်​တော့ ငါ့ကိုယ်ငါ သတ်သေမိလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ အစ်ကို(၅)က အဲ့လို မပြောဘဲ "မင်းအမေ ဘာလိုချင်​နေမှန်း မင်းမသိဘူး" လို့သာ ပြောခဲ့တယ်။

​ကျောင်းကုန်းဇီက နောက်ထပ်ရိုက်ဖို့အတွက် လက်ကို ပြင်လိုက်တယ်, "အနည်းဆုံးတော့ မင်းမဟုတ်ဘူး!"

ငါ ဘာလုပ်ရမှန်းမသိဘဲ အဲ့မှာရပ်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့စိတ်သာ ပိုမိုပြင်းထန်လာခဲ့တယ်။

ကောင်းပြီ။ ပြဿနာရဲ့ အဓိကအကျဆုံးအချက်ကတော့ ငါနဲ့ ဆယ့်သုံး​ယောက်မြောက်မဒမ်, ဒါမှမဟုတ် အများဆုံးက ဆယ့်သုံး​ယောက်​မြောက်မဒမ်နဲ့ သက်ဆိုင်နိုင်တယ်။ ဒါပေမဲ့ အမှန်တရားကို သိပြီးတဲ့နောက် ငါ အစ်ကို(၅)ကို မြင်တိုင်း အရမ်းကို အဆင်မပြေဖြစ်သွားခဲ့တယ်။

​ကျောင်းကုန်းဇီက ထူးထူးခြားခြားကို သရုပ်ဆောင်နေတယ်။ သူ မနက်အစောကြီးကတည်းက ဘာမှပြန်မပြောဘဲ အေးစက်စက်ပုံစံနဲ့ နိုးလာပြီး အေးစက်စက်ပုံစံနဲ့ သွားတိုက်တယ်။ ပြီး​တော့ အေးစက်စက်ပုံစံနဲ့ ရေချိုးပြီး ​အေးစက်စက်ပုံစံနဲ့ သတင်းစာကို ဖတ်နေတယ်။

ငါ သူ့ကို ကြင်နာစွာနဲ့ ထောက်ပြလိုက်တယ်, "သတင်းစာက ဇောက်ထိုးဖြစ်နေတယ်"

သူက ငါ့ကို အေးစက်စွာ စိုက်ကြည့်ပြီး ​မေးတယ်, "ဘယ်သွားမလို့လဲ?"

ငါ ပြန်​ဖြေလိုက်တယ်, "ဘယ်မှမသွားဘူး"

သူက အေးစက်စက် ပြန်​​ပြောတယ်, "မင်းက ဒီလောက်ကောင်းတဲ့အဝတ်အစားကို ဘယ်သူ့အတွက် ဝတ်ထားတာလဲ?"

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now