Untitled

12 6 0
                                    

မနေချင်တော့ဘူး ပြောပြောနေပေမယ့်
ထွက်မသွားဖြစ်ခဲ့ဘူး။

ကျွန်တော်လည်း မင်းလိုမျိုး
အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်ချင်တယ်။
အထူးသဖြင့် မင်းအပေါ်မှာပေါ့
ဒါပေမယ့် မရပါဘူး

ကျွန်တော်က မိုးရာသီတွေကိုမုန်းသလောက်
မင်းကတော့ မိုးနေ့တွေကို သဘောကျတယ်။

တိမ်တွေဟာ မတည်မြဲဘူးတဲ့
လေတိုက်ရာဘက် ယိမ်းတတ်တယ်ဆိုပဲ။

ကောင်းကင်ကိုမော့ကြည့်တော့ တိမ်စိုင်တိမ်ခဲတွေတွေ့တယ်။

ရင်ထဲက အလွမ်းတစ်ဆုပ်ကို ရည်စူးပြီးထည့်ပေးလိုက်တယ်
မင်းရှိရာအရပ်ကို မျောလွင့်လို့
ငွေ့ရည်ဖွဲ့  ပြီး ရွာသွန်းစေ။

ပြန်လာမလား လို့မျှော်မိတာလည်း
ရူးရာကျတာပါပဲ။
မနေချင်တော့လို့ ထွက်သွားခဲ့ကြတာမဟုတ်လား။
ပြတ်သားပုံတွေဟာ သွေးအေးရက်စက်လွန်းပါတယ်။

ဒီလိုနဲ့ ဆောင်းဦးကိုရောက်တော့မယ်။
နေ့တာတိုပြီး ညတာတွေရှည်တော့မယ်။
နေသိပ်မပူဘဲ ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာတော့မယ်။
မင်းလိုမျိုးပေါ့

ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ သူလည်ပတ်နေပါသတဲ့
ကျွန်တော်ကတော့ မပျော်ရွှင်ခြင်းဝင်ရိုးပေါ်မှာ။

အနာဂတ်တွေမှာ ပျော်ရွှင်ရဖို့
ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်မယ်။
ဘယ်သူ့ကိုမှ ကလေးစိတ်နဲ့ထပ်မချစ်မိစေဖို့ကြိုးစားမယ်။
ဖြစ်နိုင်ရင်တော့ မချစ်ချင်တော့ဘူး။

လွမ်းရတယ်ဆိုတာလည်း တစ်ဖတ်သတ်ပဲမဟုတ်လား။
နေပါစေတော့
သင့်တော်မယ်ထင်လို့ ရွေးပြီးလျှောက်ခဲ့ကြတဲ့လမ်းတွေပဲ
လှည့်မကြည့်ကြေးပေါ့ကွာ။

အနိုင်အရှုံးဆိုတာတွေကိုလည်း
ကျွန်တော်ငြီးငွေ့လှပါပြီ ချစ်သောရယ်...
ဥတုသုံးပါးလုံးမှာ စိတ်ရောကိုယ်ရော ကျန်းမာချင်တယ်။

19.9.2021

[Zawgyi]မ​ေနခ်င္​ေတာ့ဘူး ေျပာ​ေျပာ​ေန​ေပမယ့္
ထြက္မသြားျဖစ္ခဲ့ဘူး။

ကြၽန္​ေတာ္လည္း မင္းလိုမ်ိဳး
အတၱႀကီးၿပီး တစ္ကိုယ္​ေကာင္းဆန္ခ်င္တယ္။
အထူးသျဖင့္ မင္းအ​ေပၚမွာ​ေပါ့
ဒါ​ေပမယ့္ မရပါဘူး

ကြၽန္​ေတာ္က မိုးရာသီ​ေတြကိုမုန္းသ​ေလာက္
မင္းက​​ေတာ့ မိုး​ေန႔​ေတြကို သ​ေဘာက်တယ္။

တိမ္​ေတြဟာ မတည္ၿမဲဘူးတဲ့
ေလတိုက္ရာဘက္ ယိမ္းတတ္တယ္ဆိုပဲ။

ေကာင္းကင္ကို​ေမာ့ၾကည့္​ေတာ့ တိမ္စိုင္တိမ္ခဲ​ေတြ​ေတြ႕တယ္။

ရင္ထဲက အလြမ္းတစ္ဆုပ္ကို ရည္စူးၿပီးထည့္​ေပးလိုက္တယ္
မင္းရွိရာအရပ္ကို ေမ်ာလြင့္လို႔
ေငြ႕ရည္ဖြဲ႕  ၿပီး ႐ြာသြန္းေစ။

ျပန္လာမလား လို႔​ေမွ်ာ္မိတာလည္း
႐ူးရာက်တာပါပဲ။
မ​ေနခ်င္​ေတာ့လို႔ ထြက္သြားခဲ့ၾကတာမဟုတ္လား။
ျပတ္သားပုံ​ေတြဟာ ေသြး​ေအးရက္စက္လြန္းပါတယ္။

ဒီလိုနဲ႔ ေဆာင္းဦးကို​ေရာက္​ေတာ့မယ္။
ေန႔တာတိုၿပီး ညတာ​ေတြရွည္​ေတာ့မယ္။
ေနသိပ္မပူဘဲ ရာသီဥတုက ေအးစိမ့္စိမ့္ျဖစ္လာ​ေတာ့မယ္။
မင္းလို​မ်ိဳး​ေပါ့

ကမာၻဟာ သူ႔ဝင္႐ိုး​ေပၚမွာ သူလည္​​ပတ္ေနပါသတဲ့
ကြၽန္​ေတာ္က​ေတာ့ မ​ေပ်ာ္႐ႊင္ျခင္းဝင္႐ိုး​ေပၚမွာ။

အနာဂတ္​ေတြမွာ ေပ်ာ္႐ႊင္ရဖို႔
ပစၥဳပၸန္မွာ အ​ေကာင္းဆုံး​ေနထိုင္မယ္။
ဘယ္သူ႔ကိုမွ က​ေလးစိတ္နဲ႔ထပ္မခ်စ္မိ​​ေစဖို႔ႀကိဳးစားမယ္။
ျဖစ္ႏိုင္ရင္​ေတာ့ မခ်စ္ခ်င္​ေတာ့ဘူး။

လြမ္းရတယ္ဆိုတာလည္း တစ္ဖတ္သတ္ပဲမဟုတ္လား။
ေနပါ​ေစ​ေတာ့
သင့္​ေတာ္မယ္ထင္လို႔ ေ႐ြးၿပီး​ေလွ်ာက္ခဲ့ၾကတဲ့လမ္း​ေတြပဲ
လွည့္မၾကည့္​ေၾကး​ေပါ့ကြာ။

အႏိုင္အရႈံးဆိုတာ​ေတြကိုလည္း
ကြၽန္​ေတာ္ၿငီး​ေငြ႕လွပါၿပီ ခ်စ္​ေသာရယ္...
ဥတုသုံးပါးလုံးမွာ စိတ္​ေရာကိုယ္ေရာ က်န္းမာခ်င္​​တယ္။

19.9.2021

Midnight ThoughtsWhere stories live. Discover now