"ဘာလာလုပ်တာလဲ!"

ကုတင်ပေါ်တက်လာတော့ Yiboကို ဆီးကြိုလိုက်တဲ့ Xiao Zhanရဲ့စကားတစ်ခွန်း။

"အမ်?"

"မလာနဲ့...သွား!"

ခုနတုန်းကအကောင်းပါ။အခုမှ Zhan Geဘယ်လိုဖြစ်သွားလဲမသိ။မဟုတ်မှလွဲရော...သူကြယ်မကြည့်ရလို့ထင်တယ်....

Yibo အပြုံးရေးရေးလေးပြုံးမိသား။သူ့Zhan Geက အဲ့လိုလည်းစိတ်ဆိုးတတ်သေးတယ်လေ။

စောင်ကိုတစ်ဖက်မပြီး Yiboဝင်လာတော့ Xiao Zhanအတင်းတွန်းထုတ်လေသည်။

"မရဘူး...မင်းဆိုဖာမှာသွားအိပ်!"

"Geနောက်နေတာမလား"

သွားလေးပေါ်အောင်ရယ်ရင်း Xiao Zhanကိုမေးလိုက်တော့ သူကမျက်နာတည်ကြီးတဲ့ အတည်ပြောနေတဲ့အတိုင်း။

"Ge.."

ခေါ်ပဲခေါ်ရသေးတယ် သူက စောင် ခေါင်းမြီးခြုံပြီး ကျောခိုင်းသွားလေသည်။
ပြောမရတဲ့အဆုံး Yiboလက်လျှော့လိုက်သည်။

"Geသဘောပဲ...ကျွန်တော်သွားအိပ်မယ်"

ကုတင်ပေါ်ကဆင်းပြီး...

"ကျွန်တော်သွားပြီနော်"

တံခါးဝနားရောက်တော့...

"ကျွန်တော် တစ်ကယ်သွားပြီနော်"

ပြန်ခေါ်မလားဆိုတဲ့ စိတ်နဲ့ ပြောနေပေမဲ့ဟိုက တုတ်တုတ်တောင်မလှုပ်။

နောက်ဆုံးလက်လျှော့လိုက်ရတဲ့သူက Yiboပဲဖြစ်ပြန်တယ်။

"ဟူး..."

သက်ပြင်းတစ်ချက်မှုတ်ထုတ် ဖို့ပဲတတ်နိုင်တော့တယ်။တစ်ပတ်လောက် ခွဲရတာကို ပြန်တွေ့တော့ ဆိုဖာမှာအိပ်ရတယ်တဲ့လား။

အိပ်ယာဆိုကျယ်မှ အိပ်တတ်တဲ့Yiboက ဆိုဖာပေါ် ဘယ်လိုအိပ်မလဲဆိုတာကို Xiao Zhanသိချင်မိတယ်။ကောင်စုတ်လေး အပေါ်ကို ဆိုးပြအုံးမယ်လေ။နောက်ထပ်....နောက်ထပ်...အများကြီး။
.
.
.
.
"Yibo...ထတော့"

"........."(အိပ်နေစဲ)

"အိုက်ယား....ထတော့လို့"

"အင်?....."(ငိုက်)

"ထပါတော့!!!!!"

Xiao Zhanရဲ့ အော်ခေါ်ပြီးနှိုးလိုက်တဲ့အသံကြောင့် Yibo ကြမ်းပြင်ပေါ်ကနေလန့်ပြီး ကုန်းထလာသည်။

Why me!?(complete)Where stories live. Discover now