3

775 91 9
                                    


"ဂျီမင်နားး ဂျီမင်......"

လမ်းမကြီးထက် ရှာမတွေ့တော့ တစ်ယောက်တည်း လမ်းမပေါ်ဒူးထောက်ကာ ငိုချမိတော့၏။

သိလိုက်ရတဲ့ခံစားချက်က

I get the feeling that you'll never need me again..........

=====

ဒီနေ့နဲ့ဆို ဂျီမင် ပြန်လာမယ့်နေ့ကို စောင့်တာ ၅ရက်မြှောက်ပြီ

ဖုန်းဆက်တော့လည်း ဖုန်းဝင်သည်မကိုင်ပေ

ဒါနဲ့ဆို ၁သိန်း ရှစ်ကြိမ်မြှောက်ဖုန်းပေါ့

သို့ပေမယ့်မကိုင်ပေ

💬ငါမှားပါတယ် ငါတောင်းပန်ပါတယ် ငါတကယ် မင်းမကြိုက်တာမလုပ်တော့ဘူး

💬လက်ထပ်ကြရအောင် ကိုယ် တို့ လက်ထပ်ကြမယ် ပြန်လာခဲ့တော့

💬ဆိုလ်းကို ပြန်ပြီး လက်ထပ်မယ်လေ အခု ကိုယ့်ဆီ ပြန်လာပါတော့

💬တောင်းပန်ပါတယ် ငါမှားပါတယ်

ဝင်လာတဲ့ Messageလေးအား ကြည့်ကာ ဂျီမင်ငိုမိ၏

ဘယ်လောက်ပဲစိတ်နာနေပါစေ နှလုံးသားကမှမပြတ်နိုင်တာ

ဒါကြောင့်မလို့ပဲ ဖုန်းစက်မပိတ်ထားတာ

သူနဲ့အတူနေတဲ့ တိုက်ခန်းမှာ passportကျန်ခဲ့၍ ဆိုးလ်သို့ ကျွန်တော်မပြန်တာ သူသိတယ်လေ

ဘယ်လောက်ပဲ နှလုံးသားက လက်ခံနေပါစေ ကျွန်တော့်ဦးနှောက်က ဟန့်တားနေနိုင်ပြီ

"ဟင့်"

ရှိုက်ကာရှိုက်ကာငိုတာ အခုဆို ၅ရက်မြှောက်ပြီ

လူလည်း အားမရှိတော့၍ ကုတင်ကျဉ်းကျဉ်းလေးထက် လဲလျောင်းနေရ၏

-----

"အရက် ကိုကြိုက်လို့သောက်တာ ဘာဖြစ်လဲ "

တစ်ယောက်တည်းဘားမှာ မှောက်နေလေရဲ့

"ဂျီမင်..ငါမင်းကို တကယ်ချစ်ခဲ့တာ ငါ့ဘဝ ငါ့အနား မင်းကိုထားတာချစ်လို့ "

"ငါ့ဆီပြန်လာပါ.... ဟင့် ငါ့ဆီပြန်လာပါ ဟီး အီး ဟီးးးး"

လူက အတော်ရုပ်ပျက်နေပြီ သောက်ပြီးသားခွက်တွေလည်း အတော်များပြီ....

Falling....(complete)Where stories live. Discover now