ရှိန်းနေမင်းခတစ်ယောက်သူရှေ့က စာရေးဆရာပေါက်စလေးပြောနေတာကိုနားထောင်ပြီးဘာမှတောင်ပြန်မပြောနိုင်တော့ပါ။သူကိုအဲလောက်တောင်ချစ်တဲ့သူရှိပါ့လားဆိုပြီး ရှိန်းတစ်ယောက်အားနာမိပါသည်။သူမိုးသားကိုတွဲခဲ့တာ ချစ်လိုကြိုက်လို့ပင်မဟုတ်ပဲ ဒီတိုင်းအနာမကျက်သေးတဲ့ဒဏ်ရာကိုပျောက်ကင်းခြင်းရုံသက်သက်ဆိုတာသူကိုယ်သူကလွဲပြီးဘယ်သူမှသိနိုင်မည်မထင်ပါ။ချစ်တယ်ဆိုတဲ့စကားလေးကိုလည်းသူမပြောနိုင်ပါ။

"မင်းကိုယ့်ကိုချစ်တာနောင်တမရမှာသေချာလား"

"အကိုကို စချစ်ခဲ့တာနောင်တရဖို့ချစ်ခဲ့တာမှမဟုတ်တာဒီတိုင်း အကိုဖြစ်နေလို့ကိုချစ်တာ "

ရှိန်းတစ်ယောက်သူ့ရှေ့ကစာရေးဆရာပေါက်စလေးကိုမချစ်ပေမယ့်တကယ့်အသည်းယားတာအမှန်ပင်
ထို့ကြောင့်သူရှေ့ကပေါက်စလေးကိုဆွဲလှည့်ကာရင်ခွင်နန်းတော်ထဲပွေ့ဖက်၍ နှုတ်ခမ်းဖျားလေးထက်သို့အနမ်းတစ်ပွင့်ခြွေလိုက်မိသည်။

မသိလိုက်ခင်အဖက်ခံလိုက်ရရုံတင်မကပဲ နှုတ်ခမ်းဖျားသို့အေးစက်သောအနမ်းတစ်ပွင့်ကျရောက်လာသောကြောင့်မိုးသားညိုတစ်ယောက် ကြောင်အမ်းပြီးအံဩတကြီးဖြစ်လို့နေသည်။ဒါသူအိမ်မက်မက်နေတာလားဆိုပြီးတော့တောင် ပြန်တွေးမိပြန်သည်။

ခဏအကြာအနမ်းချင်းဖလှယ်ပြီးတဲ့နောက်မှာတော့မိုးသားညိုတစ်ယောက်ထိုနေရာတွင်မေ့လဲသွားသည်။

"မိုးသား.....မိုးသားး.....ညီမင်းဘာဖြစ်သွားတာလဲအဆင်ပြေရဲ့လား"

ထိုကောင်လေးမှတော့ဘာမှပြန်မပြောနိုင်တော့ပါ
လောကကြီးနှင့်ခဏတာအဆက်သွယ်ဖြတ်မိသွားတာတော့အမှန်ပင်ဖြစ်သည်။

ဆေးရုံရဲ့ Emergency Room ထဲ့မှာကောင်လေးတစ်ယောက်ကုတင်ထက်၌လှပစွာလဲလျောင်းနေသည်မှာ ၄ရက်ပင်ဖြစ်သည်။သူ့ဘေးနား၌ အေးစက်နေသောလက်တစ်စုံကိုဆုပ်ကိုင်ထားလျက်ပင်

"ညီ ကိုယ့်ကိုဘာလို့မပြောခဲ့ရတာလဲ ညီခေါင်းကိုက်ပြီးအမြင်တွေဝေဝါးနေတယ်ဆိုရင် အကိုကိုပြောလို့ရတယ်လေကွာ ဘာမှမဖြစ်သလို့နဲ့ဘာလို့နေရတာလဲ"

Pleasure{complete}Where stories live. Discover now