ဆဒုန်းခရီး - ညဘက်

5.6K 125 3
                                    

ရေတံခွန်မှာ ရတီဦးကို ပို့စ်မျိုးစုံထုတ်ခိုင်းပြီးတော့ မင်းခန့်ပိုင် ဓါတ်ပုံတွေရိုက်ပေးရှာတယ်။ ထိုင်ပြီးတော့ တစ်မျိုး ရပ်ပြီးတော့ တစ်မျိုး။

နေ့လယ်ကျတော့ အဖွဲ့က ယူလာတဲ့ ထမင်းထုပ်လေးတွေ အတူစားကြတယ်။ ပြီးတော့ တချို့ကတော့ ဂစ်တာတီး သီချင်းဆိုကြတာပေါ့။ ကချင်ပြည်ရဲ့ အမှတ်အသား ခေါင်ရည်ချိုချိုလေးလည်း သောက်ကြတာပေါ့။ ဒီတစ်လျှောက်လုံးလည်း မင်းခန့်ပိုင်က ရတီဦးမလှမ်းမကမ်းနား နေပြီးတော့ အရပ်အကဲ ကြည့်နေတတ်တယ်။ ရတီဦး ခေါင်ရည်၂ခွက်လောက် သောက်ပြီးတော့ မင်းခန့်ပိုင် ရောက်လာပြီး

"တော်ပြီထင်တယ်နော်"

"ရပါတယ်၊ ဘာမှတောင်မနေသေးဘူး"

"မဟုတ်ဘူး ရတီ၊ ဒါက တဖြည်းဖြည်းနဲ့မှ မူးလာတာ၊ တော်ပြီနော်"

"ကိုပိုင်ကျတော့ မျက်လုံးတွေ နီအောင်သောက်ထားပြီးတော့"

"ဘယ်လိုခေါ်လိုက်တာလဲ"

ရတီဦးလက်တွေ မင်းခန့်ပိုင် လည်တိုင်ကို တွဲခေါ်လာပြီးတော့
"တစ်ခွက်လောက် ထပ်သောက်ဦးမယ်လေ" လို့ ရီဝေဝေကလေး ပြောလာသည်။

မင်းခန့်ပိုင်လည်း သူ စမူးလာတာ သိတော့ မတားတေ့ာဘဲ ခဏလွတ်ထားပေးလိုက်တယ်။ အနားမှာ နေပြီး အခြေအနေ စောင့်ကြည့်နေတယ်။

ငနဲမလေးက တစ်ခွက်ပြီး တစ်ခွက်သောက်နေတာကွာ၊ ဖျော်ရည်ထင်နေလား မသိဘူး။ တော်တော်များလာတာနဲ့ မင်းခန််ပိုင် မနေသာတော့ပဲ

"တော်ပြီ၊ တဲထဲ သွားရအောင် ရတီ"

" ဟာ၊ သောက်ဦးမှာပါဆို"

"ပြောရမခက်နဲ့ စမ်း"

"ပြောရခက်တော့ ဘာလုပ်ချင်လို့လဲ" ဆိုပြီး ရဲတွတ်နေသော မျက်နှာနဲ့ ကောင်မခေးက စိန်ခေါ်သည်။

မင်းခန့်ပိုင်လည်း တခြားလူတွေ ရှေ့မှာပဲ ပွေ့ချီသွားလိုက်တော့တယ်။

ဒါကို ငတိလေးက အငြိမ်မနေလဲ ကျောကုန်းတွေကို လက်နဲ့ခြစ်တယ်။ ပြီးတော့ လက်မောင်းတွေကိုလည်း လိုက်ကိုက်နေတာ။
"ကျမကို အောက်ချပေး" လို့လည်း စွတ်အော်နေတာ။

တဲထဲရောက်တော့ မင်းခန့်ပိုင်က ချပေးလိုက်ပြီး။
"မူးနေပြီး အိပ်တော့"

"ရှင်က ကျမကို ဘာလုပ်၊ ဘာလုပ် ပြောရအောင် ဘာမို့လဲ"

"မင်း မသိတဲ့ ဒေသမှာ ဒုက္ခရောက်နေမှာ စိုးလို့၊ ငါ မင်းကိုဂရုစိက်နေတာကို သိရဲ့လား"

"မသိပါဘူး၊ သိလည်း မသိချင်ဘူး၊ ကျမ  သိတာက ကျမ လုပ်ချင်တာကို ရှင်ဘာအကြောင်းနဲ့မှ ဝင်စွက်ဖက် ခွင့်မရှိဘူး ဆိုတာပဲ"

"မင်း တော်တော်အကြောတင်းတာပဲ၊ ပြီးတော့ အပြောလည်းကြီးတယ်"

"ကျမဟာ ကျမ တာဝန်ယူ နိုင်ပါတယ်။"

"မင်းတကယ် တာဝန်ယူနိုင်တယ်ပေါ့"

(နောက်အပိုင်း + ပါနော်။ အသက်မပြည့်သေးတဲ့ ကလေးတွေ မဖတ်ကြပါနဲ့ ခမျာ။ ပြီးတော့ အပြင်မှာလည်း အဲ့လို မလုပ်ကြပါနဲ့။ ဇာတ်လမ်းထဲပဲ ကောင်းတာပါ)

အိပ်မက်တို့ အလွန်Where stories live. Discover now