ဟော ဟော.. ဒေါက်တာသူရှာနေတာကိုတွေ့သွားပြီထင်တယ် 
ဒေါက်တာ့လှုပ်ရှားမှုတွေကနှေးကွေးသွားတယ်

ကျွန်တော်စပ်စုချင်စိတ်ကိုမထိန်းနိုင်ဘဲအကြည့်မလွှဲမိတော့ ဒေါက်တာအမှိုက်ပုံထဲကကောက်ယူလိုက်တဲ့အရာဝတ္ထုလေးကိုတွေ့လိုက်နိုင်တယ် 

အဲဒါက လက်စွပ်လေးတစ်ကွင်းပဲ 

ဒေါက်တာက သူ့ဖုန်းကိုထုတ်ပြီးတစ်ယောက်ယောက်ကိုဖုန်းခေါ်နေတယ် အကြိမ်ရေတော်တော်များများခေါ်နေခဲ့ပေမယ့် တစ်ဖက်လူကမကိုင်ဘူးထင်တယ်
ကျွန်တော်ကြည့်မနေနိုင်တော့ဘူး လက်နှစ်ဖက်ကိုပွတ်သပ်လိုက်မိတယ်

ဒေါက်တာမိုးစိုနေတဲ့အဝတ်တွေနဲ့ဒီတိုင်းကြာကြာဆက်နေရင်ဖျားတော့မှာပဲ ဒေါက်တာလုပ်နေတဲ့သူသာပြောတယ်ကျန်းမာရေးကကောင်းတာလည်းမဟုတ်ဘဲနဲ့
အဲဒီလိုတွေဝေနေတဲ့အချိန်မှာပဲ အရမ်းလေးလံနေတဲ့ခြေလှမ်းတွေနဲ့ ဒေါက်တာကလှည့်ထွက်သွားတော့တယ် 

အစကနေအဆုံးထိ ဒေါက်တာက ကျွန်တော်ရပ်နေတဲ့ဘက်ကိုတစ်ချက်တောင်လှည့်ကြည့်မသွားခဲ့ဘူး
ကျွန်တော်ကအဲ့လောက်သတိထားမိဖို့ခက်ခဲလို့လား?

......

ဒီနေ့လည်းBusကနောက်ကျပြန်ပြီ

ဒါပေမဲ့ကံကောင်းတာ ဒီနေ့ကတော့နေသာတယ်လေ ရာသီဥတုကကြည်လင်နေတာပဲ

ဒီနေ့ရောဒေါက်တာ့ကိုထပ်တွေ့နိုင်မလား စဥ်းစားနေတုန်းမှာပဲ ကျွန်တော့်အတွေးထဲကထိုအမျိုးသားကရောက်ချလာပါရောလား

ဒီနေ့လည်းကျွန်တော် မနေ့ကနေရာမှာပဲရပ်နေခဲ့တာပါ
ဒေါက်တာကတော့  busစောင့်ဖို့ထားတဲ့မှတ်တိုင်ခုံတန်းလျားလေးပေါ်မှာထိုင်လိုက်တယ်

အလုပ်မသွားဘူးထင်တယ် ဂျူတီကုတ်ဝတ်မထားဘူး
ဒေါက်တာက ဂျူတီကုတ်နဲ့တကယ်ကြည့်ကောင်းတာ

"   မိုးရာသီက ကုန်တော့မယ်ထင်တယ်ကွာ
decemberလထဲဝင်ရင်ငါ့ကျန်းမာရေးကဆိုးလာတတ်တာမင်းသိရဲ့သားနဲ့   ဘာလို့..ဘာလို့"

ဒေါက်တာကသူ့စကားတွေကိုအဆုံးမသတ်ခဲ့ဘူး အဲဒီ့အစားဒေါက်တာ့ဆီကရှိုက်သံတစ်ချို့နဲ့မျက်ရည်တွေကျစီးလာတာကိုကျွန်တော်ကြည့်နေခဲ့မိတယ်

the weather was greatWhere stories live. Discover now