Feeling sad days

7 0 0
                                        


အဖေကအိမ်ပြန်လာတာနဲ့စိတ်အလိုမကျပဲ မိသားစုကိုပတ်မဲနေတယ်
အမေကတနေကုန်ထိုင်စိတ်ညစ်မယ် ငါနဲ့ညီမအငယ်ကတနေကုန်အလုပ်သွားမယ်
အငယ်ဆုံးလေးကကျောင်းကပြန်ရင်အိမ်အလုပ်တွေအကုန်လုပ်ရမယ်
အိမ်ထောင်ကျသွားတဲ့အလတ်မကအလိုက်မသိပဲအိမ်မှာပဲလာလာဂုန်းဆင်းတယ်

ငါတို့အလုပ်ကပြန်လာရင် အမေကအဖေနဲ့ရန်ဖြစ်ရတာတွေ ဈေးဖိုးမလောက်တာတွေပြောပြမယ် အိမ်ထောင်သည်သမီးအလိုက်မသိတာတွေပြောပြမယ်
ချေးထားတဲ့ပိုက်ဆံတွေရဲ့အတိုးတွေတွက်ပြမယ်

အငယ်ဆုံးလေးကျောင်းနဲ့ကျူရှင်ပြေးနေရလို့အိမ်အလုပ်မလုပ်တာတွေတိုင်တော့ အဖေကနားမထောင်ချင်လို့ ည၁၀နာရီလောက်မှအိမ်ပြန်လာတာဆိုတော့ ငါပဲအလုပ်ပြန်ရင် ဒိုင်ခံနားထောင်

ဒဏ်တွေပိနေပေမယ့်လည်းအလုပ်နဲ့ပတ်ဝန်းကျင်အမြင်မှာတော့ငါက home sweet home မိသားစုကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပေါ့

ငွေကြောင့်ပါပဲ အားလုံးက
ငွေကအဲ့လောက်တောင်ပဲအရေးပါတယ် ငါတို့မိသားစုအတွက်

ငွေများများမရှာနိုင်တဲ့ တစ်လ၅သိန်းကျော်လောက်လေးပဲရှာနိုင်တယ့်
အားနွဲ့တဲ့ အကြီးဆုံးသမီးဖြစ်နေတဲ့ ငါ့အမှားပါပဲ

ငါ့နေရာအကြီးဆုံး သား သာဆိုရင်ဘယ်လောက်တောင်အားကိုးလိုက်ရမလဲလို့ ပြောပြောနေတဲ့အဖေက ငါ့ကိုယောက်ျားလေးဖြစ်စေချင်ခဲ့တယ်

မိန်းမတစ်ယောက်ဖြစ်ပေမယ့် အဖေ့အတွက်ကျားကျားယားယား နေပေးခဲ့ပေမယ့်လည်း ယောက်ျားမဟုတ်ခဲ့တော့လည်း......

အဖေနဲ့အမေအားကိုးရမယ့် သားယောက်ျားလေးမဖြစ်ပေးနိုင်ခဲ့လို့
တကယ်ကို တောင်းပန်ပါတယ်
ညီမတွေအတွက် အားကိုးရမယ့်အကိုမဖြစ်ပေးနိုင်လို့လည်း တောင်းပန်ပါတယ်........

You've reached the end of published parts.

⏰ Last updated: Aug 18, 2025 ⏰

Add this story to your Library to get notified about new parts!

My Feelings that will never said in public Stories to obsess over. Discover now