ဟုတ်တယ်ထိုမိုးသားညိုဆိုတဲ့ကောင်လေးကသူဂျူတီကုတ်ဝတ်ပြီးလူနာတွေကိုဆေးကုပေးနေတဲ့အချိန်ဆို အမြဲလာချောင်းကြည့်တတ်ပြီးပျော်နေတတ်တယ် ဒီဝောာ့ထိုလူသားလေးရဲ့ဆန္ဒအတိုင်းသူပြန်မည်သို့သော်ရန်ကုန်ပြန်ရောက်ရင်သူအငွေ့သက်လေးတွေက မနေ့တစ်နေ့တုန်းကလိုမျိုး အခုထက်ထိ ဖြစ်နေသေးသည်မဟုတ်လော.......
"အင်း....ပန်းချီငါရန်ကုန်ပြန်မယ်"
မေပန်းချီက ပြုံး၍
"ဒါမှ ရှိန်း ဒါဆိုငါစီစဉ်ထားလိုက်တော့မယ်နော်"
"ကောင်းပါပြီ ငါခဏလောက်နားချင်တယ်"
"အိုကေပါနား ဒါဆိုညနေ့ပြန်မယ်အဆင်ပြေလား?"
"သဘောအတိုင်းပါ"
မေပန်းချီတစ်ယောက်ပြောချင်ရာပြောပြီးသည်နောက်ထွက်သွားလေသည်။မေပန်းချီဆိုတာတစ်ခြားလူတော့မဟုတ် ရှိန်းနေမင်းခ နဲ့ မိုးသားညိုဆိုတဲ့ကောင်လေးနှစ်ယောက်ကိုဖူးစာဆုံခဲ့စေသောမြှားနတ်မောင်လေးဖြစ်သည်။
ထို့ကြောင့်လည်း မိုးသားနဲ့ရှိန်းတို့ရဲ့ အစ်မတစ်ယောက်လိုမျိုးပင်ဖြစ်နေသည်။ညနေ့(၄)နာရီရောက်သော် ကားပေါ်၌ ရှိန်းနေမင်းခကEarphone လေးတက်ကာသူမြတ်နိုးရသူလေးကြိုက်တဲ့သီချင်းလေးဖွင့်ပြီး မှေးစက်နေလေသည်။ပြီးနောက်သူတို့နှစ်ယောက်စတင်တွေ့ဆုံမှုဆီသို့ပြန်လည်ကာတွေးမိနေတော့သည်။
လွန်ခဲ့သောတစ်နှစ်ခန့်က
ကောင်လေးတစ်ယောက်လက်ထဲ၌စာရွက်များကိုဆုပ်ကိုင်ကာအခန်းထဲတွင်ငြိမ်သက်စွာထိုင်နေသည်။အခန်းထဲကို တွန်းဖွင့်သံ သေးသေးလေးကိုသူကြားနေသည်သို့သော်သူမျက်လုံးမဖွင့်နိုင်ပါ။
"မိုးသား ထပါဦးမိုးသားငါပါ"
မေပန်းချီက မိုးသားမျက်နှာကိုရိုက်လိုက်တော့မှကိုယ်တော်ချောလေးမိုးသားမျက်လုံးပွင့်လာခဲ့သည်။
"ပန်းချီ ဘာများဖြစ်တာလဲလို့ငါခဏလောက်အေးဆေးနေပါရစေ။"
ပန်းချီဒီကိုလာသည်မှာကိစ္စကတစ်ကြောင်းသို့သော် သူရှေ့ကသူငယ်ချင်းလေးရဲ့ဘေးတွေပြန်ကျဲ့နေသောစာရွက်များကိုမြင်ပြီး သူလက်တုန်ယင်လာပြီး မျက်ရည်ပါကျသွားသည်။
"မိုးသားနင့်မှာဦးနှောက်အကြိတ်ကင်ဆာဖြစ်နေတာလား?????"
"ဟုတ်တယ် ပန်းချီ နင့်ရုပ်ကလည်းဘာဖြစ်နေတာလဲ"
"ငါက ထကရမှာလား?မိုးသားနင်...ဘာလို့ငါ့ကိုမပြောဝာာလဲဟာနင့်မေ့သွားပြီလားငါကဆရာဝန်မဆိုတာကို"
မိုးသားညိုကငိုချင် သော်ငြားအားတင်းကာဟန်ဆောင်ပြုံးရယ်၍
"အမလေးနင်ဆရာဝန်ဆိုတာလူတိုင်းသိတယ်နင့်အမေပတ်ကြွားလွန်းလို့ ခွေးကအစသိတယ်"
မေပန်းချီက မိုးသားကိုထုရိုက်ပြီးနောက်ငိုပါလေရော ကင်ဆာဖြစ်တာသူလားကိုယ်လားတောင်မသဲကွဲတော့ဘူး။
"မငိုပါနဲ့ငါကဘာမှမဖြစ်ပါဘူးလို့လိမ်ချင်ပေမယ့် ဆရာဝန်ပြောတာတော့အလွန်ဆုံးခံ(၈)လတဲ့"
မေပန်းချီဆိုသည်မှာပို၍ငိုပါလေရော မိုးသားတစ်ယောက်သူငိုချင်တာတွေပါ ပျောက်လုနီးနီးဖြစ်သွားသည်။ထို့နောက်ရှိုက်ကြီးတငင့်ငင့်နှင့်
"မိုးသားဘာမှမကြောက်နဲ့ဒီမမကလေမင်းကိုအသက်ရှည်အောင်လုပ်ပေးမယ်သိလားမနက်ဖြန်ငါတို့ဆေးရုံကနာမည်ကြီးဆရာဝန်လေးနဲ့ကုပေးမယ်နော်"
မေပန်းချီကငိုကာမိုးသားအားဖက်၍ပြောနေလေသည်။မေပန်းချီကမိုးသားအတွက်တော့အစ်မကြီးတစ်ယောက်လိုဖြစ်နေပေသည်။
သူလို့မိဘမဲ့တစ်ယောက်ကိုငယ်ငယ်ကတည်းကခင်တွယ်ပြီးမောင်လေးလို့ချစ်လာသည်မှာမေပန်းချီဆိုတဲ့သူတစ်ယောက်တည်းဖြစ်သည်။ထို့ကြောင့်သူမပြောလာသည်ကိုသူမငြင်းရက်ပါ သူသိနေသည်ဘယ်မှာကုကု မရတော့ဘူးဆိုတာ....
ကင်ဆာကြောင့်လို့ပဲပြောရမလားတော့မသိဘူးသူကြောင့်နဲ့ပဲသူမြတ်နိုးပြီးချစ်ရတဲ့ဆရာဝန် ရှိန်းနေမင်းခနဲ့စတင်တွေ့ဆုံလာခဲ့တာပေါ့ ကံကြမ္မာကိုပဲအပြစ်တင်ရမလားဆုပေးရမလားတောင်မသဲကွဲတော့ဘူး။ဒီလိုတွေ့ဆုံခဲ့ရတာကိုတော့မိုးသားညို နောင်တရတော့မည်မဟုတ်ပါ.....
chapter (1) U
Start from the beginning