ဆဒုန်ခရီး ၃

Начните с самого начала
                                    

သူများတွေကတော့ ရေတံခွန်မှ ရေများကျနေရာ ကျောက်ရေအိုင်ကြီးတွင် ရေချိုး၊ ရေကစားနေကြသည်။ တချို့ကလည်း ချစ်သူကိုယ်စီနဲ့၊ တချို့ကလည်း သူငယ်ချင်း အဖွဲ့လိုက်။ သြော် သူတို့ကျတော့ ပျော်စရာနော်။ ဘာပဲဖြစ်ဖြစ် အခုလို တစ်ယောက်တည်း ထွက်လာရတာလည်း တစ်မျိုးတော့ ကောင်းပါတယ်။ ကျောက်သားနက်နက်ကြီးတွေပေါ်မှ စီးကျနေသော ရေကြည်များ၊ ဘေးပတ်ပတ်လည်ရှိ သစ်ပင်ပန်းမာန်များ၊ သဘာဝ၏ အလှ၊ တောတောင်ရေမြေ၏ အနံ့က တကယ်ပဲ စိတ်ကိုအေးချမ်းစေသည်။ အတိတ်ရဲ့ နာကျင်စရာတွေ၊ အနာဂတ်မှာ ကြုံရမယ့် မရေရာမှုတွေ ဘာကိုမှ မတွေးမိဘဲ တည်ငြိမ်နေတဲ့ စိတ်ကလေး၊ တကယ်ပဲ အေးမြသည်။

"ဟိတ် တစ်ယောက်တည်း ဘာတွေတွေးနေတာလဲ" ရတီဦး ရပ်နေသော အနားကို ရောက်လာသော မင်းခန့်ပိုင်။

"ဟိုဟိုဒီဒီပေါ့"

"မသိပါဘူး၊ ဘာတွေဆွေးနေတာလဲလို့"

"မဆွေးပါဘူး၊ ရေတွေ၊ ကျောက်တွေ တောင်တွေကို ကြည့်နေတာ"

"ဘယ်လိုလဲ သဘောကျရဲ့လား"

"သဘောကျတာပေါ့၊ ကျွန်မရဲ့ ပူပင်နေတဲ့ စိတ်တွေကို တည်ငြိမ်စေတယ်။ "

"ဒီလိုနေရာတွေကော ခဏ ခဏ သွားဖြစ်သလား"

"သိပ်တော့ မသွားဖြစ်ပါဘူး၊ ဒါပေမဲ့ အခုကစပြီး ပိုသွားတော့မယ် ဆုံးဖြတ်ထားတယ်"

"ကောင်းတာပဲ၊ စိတ်ကလေးကြည်တာပေါ့၊ ဒါနဲ့ နေရာတစ်ခုပြပေးမယ်မင်း သဘောကျမယ် ထင်တာပဲ"

"ဘယ်လိုနေရာလဲ"

"လိုက်ကြည့်တော့ သိမှာပေါ့"
ရေတံခွန်အပေါ်ဘက်တက်သွားပြီး လမ်းသေးသေးလေးထဲ ဝင်သွားတော့

ခရမ်းရောင် ပန်းခင်းကြီးကို တွေ့သည်။

"ဟာ ပန်းတွေအများကြီးပဲ လှလိုက်တာ၊ ဘာပန်းတွေလဲ" "ဘာပန်းတွေလဲတော့ မသိဘူး ဒီလိုပဲ ပေါက်နေတာတွေ့လို့ ပြပေးတာ။

"တခြားသူတွေကော မပြဘူးလား"

"မပြဘူး၊ ခူးချင်တာနဲ့ ပန်းခင်းထဲ ဝင်ပြီး ဓါတ်ပုံ ရိုက်ချင်တာနဲ့ ပျက်စီးသွားမှာ စိုးလို့"

"ဒါဆို ကျမလည်း ခူးလို့မရဘူးပေါ့"

"မရဘူး၊ အဝကြည့်ပြီး ရင်ထဲမှာသိမ်းထား"

"စကားအကြီးတွေ ပြောပြန်ပြီ"

"အတည်ပြောတာ၊ အလွယ်တကူ ရယူလို့ရတဲ့ အရာတွေက ကိုယ်တို့နှလုံးသားထဲမှာ စွဲမြဲမနေဘူး၊ မင်းစိတ်ညစ်လာတိုင်း ဒီပန်းကလေးတွေကိုသတိရပြီး စိတ်ပျော်အောင်လို့ ဒီမြင်ကွင်းကို ရင်ဘတ်ထဲ သိမ်းထား ဟုတ်ပြီလား"

"ဟုတ်ပါပြီရှင်"

အဲ့ဒီအချိန်မှာပဲ မင်းခန့်ပိုင် ဖုန်းဝင်လာပြီးတော့ ခပ်လှမ်းလှမ်းကို ဖုန်းသွားပြောသည်။

ရတီဦး စိတ်ထဲတွင်

(ဒီလူက တခြားလူတွေတောင် မပြတဲ့နေရာကို ငါ့ကိုဘာလို့ခေါ်လာတာလဲ၊ ငါတို့က တစ်ခါနေပြီးတာနဲ့ပဲ အရမ်းရင်းနှီးသွားပြီလို့ ထင်နေတာလား၊ ဒါမှမဟုတ် အပြန်အလှန် လျို့ဝှက်ချက်တွေ ရှိနေလို့ ငါ့အပေါ်ကောင်းပြနေတာလား)

မင်းခန့်ပိုင် ပြန်လာတော့

"ဟိုလေ ခရီးသွားအဖွဲ့က ဖုန်းဝင်လာတာ၊ ဒီညကို ဒီမှာ Campလိုနေကြမလို့တဲ့၊ အဲ့တာ ကိုယ်တို့က နောက်ကျတော့ ကျန်တဲ့လူတွေက သူ့အဖွဲ့နဲ့သူ ဖြစ်သွားပြီ၊ ကိုယ်တို့၂ယောက်ပဲ ကျန်တော့တယ်တဲ့။ အဲ့တာမင်း ဘယ်လိုလုပ်ချင်လဲ၊ ဒီမှာပဲ ဆက်နေမလား၊ ဟိုတယ်ပြန်မယ်ဆိုလည်း မင်းသဘောပဲနော်"

"ဟိုတယ်ပြန်မယ်ဆိုရင် ကျမတစ်ယောက်တည်း ပြန်ရမှာလား"

"တစ်ယောက်ယောက်ကိုတော့ လိုက်ပို့ခိုင်းလို့ရပါတယ်"

"ဒါဆိုလည်း ဒီမှာပဲ နေလိုက်တော့မယ်"

"မင်း တကယ်အဆင်ပြေလို့လား"

"အဆင်မပြေစရာမှ မရှိတာ၊ မိန်းကလေးချင်းပဲဟာ" ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ ပြောလာသော ရတီဦး။

(ပန်းခင်းကလေ တကယ်မရှိပါဘူး၊ ထည့်ချင်လို့ ထည့်ထားတာပါ၊ ပြီးတော့ campလည်း မရှိပါဘူး၊ ဇာတ်လမ်းအရပါနော်😁)

အိပ်မက်တို့ အလွန်Место, где живут истории. Откройте их для себя