It will be okay 1

Start from the beginning
                                    

'ပါပါးတို့က ဘယ်သွားမလို့လဲ'

'အော် သားငယ်ရဲ့ကိုကိုကလည်း ပါပါးရဲ့ ကုမ္ပဏီမှာပဲ နောက်တစ်ပါတ်နေရင် အလုပ်ဆင်းတော့မှာဆိုတော့ ပါပါးတို့ ရုံးသွားချိန်ဆို သားငယ်ဘေး ဘယ်သူမှရှိမှာမဟုတ်ဘူး။ ပြီးတော့ သားငယ်အတွက်လည်း ဆရာခေါ်ရဦးမယ်ဆိုတော့ အဲ့ဒီလူငယ်လေးကလည်း ထက်ထက်မြက်မြက်ရှိတယ်သား။'

ပါပါးစကားကြောင့် သူ့ကိုထားသွားတော့မလို့လားလို့ တွေးမိတဲ့ ရိပေါ်ဟာ သူ့အတွေးနဲ့သူ စိတ်မကောင်းဖြစ်ရှာတယ်။ ငိုင်ကျသွားတဲ့ သူ့ကို ပါပါးကပဲ ဧည့်ခန်းကို ခေါ်သွားကာ သူ့ကိုစောင့်ရှောက်ပေးမယ့် ကိုကို့ကို စောင့်ခိုင်းထားသည်။

တစ်အောင့်ကြာတော့ အန်တီယင်းနဲ့အတူ ကိုကိုတစ်ယောက် ရောက်လာသည်။ အန်တီယင်းက ရိပေါ်တို့အိမ်မှာ အိမ်မှုကိစ္စတွေကို ကြီးကြပ်ရသူဖြစ်သည်။ ရိပေါ်မာမားကရောဆို ရိပေါ်ကို မွေးပြီးပြီးချင်းပဲ ကောင်းကင်ပေါ်တက်သွားပြီဟု ပါပါးက ပြောသည်။

ကိုကိုရောက်လာပြီဆိုတာသိတော့ ပါပါးလည်း ရောက်လာကာ ကိုကိုနဲ့ မိတ်ဆက်ပေးသည်။

'သားငယ် ဒါက သားငယ်ကို စောင့်ရှောက်ပေးမယ့်ကိုကို...နာမည်က ရှောင်းကျန့်တဲ့။ ကျန့်ကျန့် ဒါက ဦးရဲ့ သားငယ်လေး ရိပေါ်တဲ့။ ကျန့်ကျန့်လက်ထဲ အပ်ပါတယ်'

'ဟုတ်ကဲ့ပါဦး။ ကျွန်တော် ညီလေးကို အကောင်းဆုံး စောင့်ရှောက်ပေးမှာမို့ စိတ်ချပါဗျ'

ပါပါးနဲ့ပြုံးပြီးစကားပြောနေတဲ့ကိုကို့ရဲ့ နှုတ်ခမ်းအောက်မှာ မှည့်နက်ကလေးရှိသည်ကို ရိပေါ်က အသေးစိတ်လိုက်ကြည့်နေမိသည်။ ထိုအထိ ရှောင်းကျန့်ဟာ ရိပေါ်ရဲ့စိတ်ကို စစချင်းကတည်းက ဖမ်းစားခဲ့ပါတယ်။

ထိုညက ကိုကိုရှောင်းကျန့်က ဘယ်လိုသဘောကောင်းကြောင်း ကိုကိုကျိုးချန်ကို ပြောပြဖြစ်ခဲ့သည်။ ကိုကိုကျိုးချန်ကတော့ အချိန်အကြာကြီးနေမှ ပြုံးပျော်ရွှင်နေတဲ့ ရိပေါ်လေးကိုကြည့်ကာ ပီတိဖြာနေခဲ့မှာ အမှန်ပင်။ ညီအစ်ကိုနှစ်ယောက်လုံးရဲ့ အပြုံးတွေနဲ့ အခန်းငယ်လေးဟာ သာယာခဲ့ပါသည်။  

It will be okay [𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now