Unicode
ပူအိုက်လှတဲ့နွေရာသီနှင့်အညီ စွပ်ကျယ်နှင့်ဘောင်းဘီအတိုကိုဝတ်ထားသည့် လူငယ်လေးသည် ရပ်ကွက်အဝင်လမ်းလေးတွင်းသို့ ရေခဲချောင်းစားရင်းဝင်လာလေသည်။ လက်ထဲတွင်လည်း ဟင်းရွက်များနှင့် အခြားအရာများထည့်ထားသည့် စျေးခြင်းကိုကိုင်လာလေသည်။ ပါးစပ်မှ သီချင်းလေးငြီးကာ လမ်းလျှောက်လာသည့် လူငယ်လေးသည် ပြုံးရိပ်သန်းနေကာ အလွန်ပျော်ရွှင်နေပုံရသည်။
လမ်းထဲဝင်လာပြီးသိပ်မကြာခင်မှာပဲ လူငယ်လေးသည် သစ်သားနှင့်ဆောက်ထားသည့်နှစ်ထပ်အိမ်နှင့် သစ်ပင်ရိပ်အေးအေးလေးရှိသည့် ခြံထဲသို့ဝင်သွားလေသည်။
ဇွဲခန့်သူတစ်ယောက် အမေမှာသည့်ဟင်းရွက်များကို နေပူပူထဲတွင်ဝယ်ပြီး ပြန်လာခဲ့ပေမယ့် အိမ်ပေါ်ရောက်ရောက်ခြင်း ပထမဆုံးတွေ့လိုက်ရသည်က အိမ်ဧည့်ခန်းတွင် စာအုပ်ကိုင်ကာ ပြုံးစိစိဖြစ်နေသည့် ညီမဖြစ်သူ...။
"မိနှင်း စာအုပ်ဖတ်ပြီး ပြုံးစိစိလုပ်နေပြန်ပြီလား ငါနင့်ကိုပြောထားတယ်မလား အချစ်ဝတ္ထုတွေမဖတ်နဲ့လို့ ဒါမျိုးတွေဖတ်ရအောင် နင့်အသက်ဘယ်လောက်ရှိသေးလို့လဲ"
ဆူသလိုပြောလိုက်တော့ ခေါင်းမော့ကြည့်လာပြီး အရေးမစိုက်သလိုပြန်ငုံ့သွားသည့် ညီမဖြစ်သူကြောင့် ဇွဲခန့်သူ စိတ်တိုသွားကာ စာအုပ်ကိုဆွဲလုလိုက်လေသည်။ သူစာအုပ်ဆွဲလုပြီးချင်း သူ့ညီမကလည်း အသံဗြဲနှင့်အော်တော့သည်။
"မေမေရေ...ကိုကို သမီးစာဖတ်နေတာကို သမီးစာအုပ်ကိုလုသွားတယ်"
"အတိုင်ပြောထူတယ်ပေါ့"
သူပြောလိုက်တော့ သူ့ညီမက လျှာထုတ်ပြောင်ပြလာသည်။ သူခေါင်းကို သူ့လက်တံရှည်ရှည်တွေနှင့်တစ်ချက်လှမ်းခေါက်လိုက်လေသည်။
"အာ့! ကိုကိုနော် လက်မပါနဲ့"
"လက်ပါတော့ ဘာဖြစ်လဲ နင့်ကိုလက်ပါမှဆုံးမလို့ရမှာ"
"မေမေ ဒီမှာ မေမေ့သား သမီးကိုအနိုင်ကျင့်နေတယ်"
သူတို့အော်သံတွေကို မကြားနိုင်တော့သည့်အဆုံး မေမေသည် မီးဖိုချောင်ထဲမှ ဟင်းမွှေသည့်ဇွန်းကြီးကိုင်ကာ အိမ်ရှေ့သို့ထွက်လာလေသည်။
YOU ARE READING
I Fell In Love With My Husband(Completed)
RomanceUnicode မဖြစ်နိုင်တဲ့အရာတစ်ခုက ကျွန်တော့်ဆီမှာလာဖြစ်နေတယ် ကျွန်တော်ကယောကျ်ားလေးတစ်ယောက် ဒါပေမယ့် မထင်မှတ်ပဲ စာအုပ်ထဲကအဓိကဇာတ်ဆောင်ရဲ့ခန်ဓာကိုယ်ထဲရောက်သွားပြီး ယောကျ်ားယူပြီးကလေးမွေးရမယ်တဲ့ မဖြစ်နိုင်ဘူး! ငါကယောကျ်ားလေးလေ ကလေးမွေးဖို့ဆိုတာ လုံးဝကိုမဖ...
