ဒီနေ့ဟာ ကျွန်တော်အမုန်းဆုံးနေ့ပဲ။ဘာလို့ဆို
အယုတ်တမာကောင်နဲ့ စေ့စပ်ရမှာလေ။ကျွန်တော်သူ့ကိုအရမ်းမုန်းတယ်။ ထင်မထားလောက်အောင် ယုတ်မာတက်တဲ့ အဲ့လူကို အရမ်းရွံမိတယ်။
"သားရာရာ ပြုံးပါအုံးကွယ် သားကဒီလိုနေတော့ momလည်း စိတ်မကောင်းဘူးလေကွယ်"
အိန်ဂျယ်လ်လည်း သူမသားအတွက် အတော် စိတ်မကောင်းဘူး။ဒါမဲ့လည်း မတတ်နိုင်ဘူးလေ။သတင်းငြိမ်ဖို့ဆို ဒီလိုလုပ်ရမှာပေါ့။
"mom......ဟန်ဆောင်ပြီးမပြုံးချင်ဘူး"
သားဖြစ်သူက ထိုသို့ပြောလာလေတော့ အိန်ဂျယ်လ် သက်ပြင်းလေးခပ်ဖွဖွ ချမိသွားတော့သည်။
"အင်းပါ သွားရအောင်လေသား"
"ဟုတ်ကဲ့"
ရာရာလည်း အပေါ်ထပ်ကနေဆင်းလာခဲ့တယ်။တေးသွားသံစဥ်(ခေါ်)ပန်းတာရာက အင်္ဂလိပ်နဲ့မြန်မာ ဆက်မွေးထားတာ။သူ့အသားအရည်က ဖြူဖွေးပြီး ပိုးသားလို နူးညံ့လှတယ်။မျက်ခုံးလှလှလေးနဲ့ ကော့စင်းနေတဲ့ မျက်တောင်ရှည်တွေ စင်းနေတဲ့နှာတံနဲ့နှာထိပ် အနည်းငယ်ချွန်တယ်။ခပ်ရဲရဲနှုတ်ခမ်းပါးလေးကိုလည်း ပိုင်ဆိုင်ထားတယ်။
မျက်လုံးအရောင်ကလည်း စိမ်းပြာရောင်လေးနဲ့ ဆံပင်ကအညိုရောင်လေးပေါ့။ယောကျ်ားလေတန်မဲ့ လှတယ်မသုံးသင့်ပေမဲ့ သူဟာလှလွန်းတယ်။အရုပ်တရုပ်အလား ကောင်းကင်က နတ်သက်ကြွေလာတဲ့ နတ်သားအလားပင်။
ရာရာ ဆင်းလာတာကို ဧည့်ခန်းထဲကလူတိုင်းငေးကြည့်နေပေမဲ့ တစ်ယောက်သောသူကတော့ အောင်နိုင်သူအပြုံးနဲ့ ထိုင်နေလေရဲ့။
"လာလေ....သား"
ဦးသီဟမောင် ခေါ်လိုက်ပေမဲ့ ရာရာပြောလိုက်တဲ့စကားတခွန်းက "ကျွန်တော့်ကို မထိနဲ့" တဲ့လေ။
"ရာလေး သွား သားရှိန်နားမှာထိုင်"
ဟုတ်ပါတယ်။အာလုံးထင်သလိုပဲ။စက်ရှိန်မာန်ဆိုတဲ့ အယုတ်တမာကောင်နဲ့ စေ့စပ်ရမှာ။
ရှိန်တစ်ယောက် အောင်နိုင်သူ အပြုံးနဲ့ တီးတိုးဆိုလိုက်သည်ကား...။
ESTÁS LEYENDO
MY step-father son become my husband (completed)
Romanceစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ တစ်စုံတစ်ရာ အဆင်မပြေဖြစ်ခဲ့ရင် ကြိုတင်တောင်းပန်ပါတယ်ရှင့်။
