" မောင်! "
" မောင် တကယ်ပြောတာ၊ သဲငယ်ကိုပြောတဲ့စကားတွေကလည်း မောင့်နှလုံးသားကတိုက်ရိုက်လာတဲ့စကားတွေပဲ၊ "
" ဒါဆို ငါပဲလူဆိုးဖြစ်နေတာပဲ "
" ဘယ်သူပြောလဲ လူဆိုးလို့၊ အချစ်ဆိုးရင် မောင်လည်းလိုက်ဆိုးမှာပေါ့၊ အချစ်ကလူဆိုးမဟုတ်ပါဘူးကွာ၊ မောင့်ရဲ့ခင်ပွန်း"
" မောင် မပြောရဲတဲ့စကားကိုမရှိဘူးနော်"
" မပြောရဲစရာစကားဆိုတာရှိမလားကွာ သဲငယ်ကြောင့်ဖြစ်တည်လာတဲ့ကိုယ်ပိုင်စကားတွေကို "
" ............."
" နေ့လည်စာစားတော့လေ အဆာလွန်နေမယ် "
" စားမယ် ရှိုင်းသန့်ပြင်ပေးနေတယ် "
" .............. "
" မောင် "
" ဗျာ့ "
" ........... "
" ပြောလေ သဲငယ် "
" ဘာမှမဟုတ်ဘူး "
" ဘာမှမဟုတ်ရင်လည်း ပြီးရော "
အမှတ်တကယ်တော့ သီဟစီမှာ (ဗျာ) ဆိုတဲ့ထူးသံကိုကြားချင်၍ခေါ်လိုက်ခြင်းဖြစ်သည်။ သိူ့သော်လည်းပွင့်ပွင့်လင်းလင်းမပြောပြချင်ပါ။ ပြောလိုက်ရင်မောင်က စပေဉီးမည်။
" မောင် မအိပ်တော့ဘူးလား "
" မအိပ်တော့ပါဘူး ခနနေရင်ပဲ ၆နာရီထိုးတော့မှာ "
" အချိန်တွေကအဲ့လောက်တောင်ဖြစ်သွားပြီလား "
" ဟုတ်တယ်၊ စားစား သဲငယ် "
" မောင်လည်း လုပ်စရာရှိတာလုပ်လေ၊ ငါဖုန်းချလိုက်တော့မယ် "
" သဲငယ်သဘောပါဗျာ၊ ချစ်တယ် "
..............................
အလုပ်ရဲ့ဖိအားကတစ်မျိုး ချစ်ရသူကပေးတဲ့ပြသနာကတစ်မျိုးနဲ့ ထွဋ်ခေါင် ဒေါသတွေထွက်နေမိသည်။ မနက်က ဖုန်းပြောပြီးကတည်းက အခုချိန်ထိဆက်သွယ်၍မရသေးပေ။
မင်းဝေအား ဆက်သွယ်ကြည့်တော့လည်းမရသည်မို့ ပို၍ပင်စိတ်တိုမိသည်။ မိဘအိမ်ကိုလည်းဖုန်းဆက်ပြီးအပူတွေမပေးချင်။
YOU ARE READING
မောင့်မူပိုင် (Completed)
RomanceMarriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက်ဆိုင်ပါဘူး။ sweet တဲ့အပိုင်းပိုသွားမှာမို့ သဘောမကျပါက ကျော်သွားပေးဖို့ တောင်းဆိုပါရစေ။
Part 36*
Start from the beginning