အပိုင်း (13)

Start from the beginning
                                    

" ဘာလုပ်နေတာလဲ မြန်မြန် အဝတ်သွားမလဲသေးဘူးလား! "

တောက်စ်

သွေးတစ်စက် အိပ်ရာပေါ်ကျဆင်းသွားသည်။

ထိုနောက် သွေးတွေ ဒလဟော စီးဆင်းလာသည်။

ထိုလူကြီး သူမကိုစောက်ရမ်းမြူဆွယ်လွန်းသည်။
အပေါ်ပိုင်း v ပုံစံခန္ဓာကိုယ်၊ ကျစ်လစ်နေသော
ပေါင်မုန့်လုံးတွေ အမွေးအမျှင်အနည်းငယ်မျှသာ ပေါက်နေသော သူ့ဖွားဖက်တော်၊ ထိုလူကြီး ကြာကြာရပ်လေ သူမ နှာခေါင်းသွေးတွေ ဆက်တိုက်ကျလာမာ ဖြစ်သည်။

" ငယ်၊ နှာခေါင်းသွေးတွေလျှံနေတယ် "

" သိတယ် အဲ့ဒါကြောင့် မြန်မြန်ရေသွားချိုးစမ်းပါ "

မင်ထျန်း သူကလေးမ ရှက်မည်ဆို၍ ရေချိုးခန်းထဲ အမြန်ပြေးဝင်လိုက်သည်။

၅ မိနစ်ကြာသော်

" ကိုယ်ချိုးလို့ ပြီးပြီးငယ်၊ ငယ်ရေသွားချိုးတော့လေ
ကိုယ် မနက်စာပြင်ရင်း စောင့်နေမယ် " ဆိုပြီး ကလေးမ နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်မိသည်။

မိန့်ဟွာ သူမပါးတွေ ရဲတွတ်လာသည်ကို သတိထားမိသည်။ အိုး သူမရှက်နေတာလား။ မှန်ပေသည်
ထိုယောကျာ်းက ဆွဲဆောင်လွန်းသည်။

မင်ထျန်းကလေးမ ရေချိုးခန်းထဲကို ဝင်ပြီဆိုတာသေချာမှ သူ့လက်ထောက်ဆီ ဖုန်းဆက်လိုက်သည်။

" မနေ့က ဘားမှ ဖြစ်ခဲ့တာတွေ အကုန်စုံစမ်းလာခဲ့
ငါ့ကလေးမကို ဘယ်သူဆေးခပ်တာကအစ အကုန်စုံစမ်းလာ "

" ဟုတ်ကဲ့ boss! "

-------------
တစ်ဖက်က သူ့လက်ထောက်ပေးပို့လာတဲ့ စာကိုကြည့်လိုက်တော့

စားမေးပွဲပြီး၍ ကျောင်းသားကျောင်းသူတွေ အကုန် စားသောက်ပွဲကျင်းပ၊ သူ့ကလေးမအနားမှာ မုပိုင်ချင်းဆိုတဲ့ ကျောင်းသူတစ်ယောက်သာရှိ သူ့ကလေးမကို ဝိုင်ခွက်ပေး ပြီးတော့ ဖုန်းပြောနေတဲ့ပုံ

" ဟက်! မုပိုင်ချင်းဆိုတဲ့ ကောင်မက အသက်ရှည်ရှည်မနေချင်ဘူး ထင်ပါရဲ့၊ ကောင်းပြီလေ ဒီအကိုကြီးက ညှာတာထောက်ထားပေးရတာပေါ့ "

ပြန်လည်မွေးဖွားလာသော အရံဇာတ်ကောင်(U & Z) [completed] Where stories live. Discover now