Ep_1

872 86 13
                                    

[ Unicode]

အမှောင်ထုအုပ်မိုးခြင်းခံထားရသောမျက်လုံးများကိုအချိန်ယူကာကြိုးစားဖွင့်နေပေမယ့်မျက်ခွံများလေးလံနေဆဲပင်။ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုနာကျင်ထုံထိုင်းနေပြီးလက်များလည်းလှုပ်လို့မရအောင်တင်းကျပ်နေသည် ။ခေါင်းကိုအနည်းငယ်လှုပ်လိုက်တော့မူးတက်လာသောအာရုံကြောများကြောင့်ခဏတာပြန်ငြိမ်သက်လိုက်သည်။

ဦးနှောက်ကိုအလုပ်ပေးလိုက်တော့တစ်စတစ်စပေါ်လာသောမှတ်ဉာဏ်များကြောင့်သူမအကြောက်အလန့်ရုန်းကန်ထမိသည်။...မျက်စိဖွင့်လိုက်သော်လည်းမှောင်မည်းနေသောအခန်းကြီးကြောင့်ဘာမှမမြင်ရ။လက်များကလည်းတုပ်နှောင်ထားခံရသလို။လက်ကောက်ဝတ်ကိုစမ်းကြည့်တော့နူးညံ့သောအထိတွေ့ကိုခံစားရမယ့်အစားအေးစက်စက်သံကွင်းနဲ့တွဲချည်ခံထားရတဲ့လက်ကိုသာကိုင်မိသောကြောင့်ရုတ်တရက်လန့်ပြီးအော်လိုက်မိသည်။ထိုနည်းတူစွာခြေထောက်နှစ်ဖက်လုံးဟာလည်းလှုပ်ရှားလို့မရ။

မိမိအဖြစ်ကိုနားလည်ပြီးကြောက်လန့်စွာနဲ့ထိုင်ငိုနေမိသည်။မှောင်မည်းနေတဲ့ထိုအခန်းနဲ့တိုက်ခတ်နေသောလေပြင်းများကြောင့်ပြတင်းပေါက်မှန်ကိုသစ်ကိုင်းများလာရိုက်ခတ်ခြင်းများကသူမရဲ့အကြောက်တရားကိုပိုမိုထိုးစွပေးနေသည်။

' ငါပြန်ပေးဆွဲခံရတာလား..ဘာလို့လဲ...ဘာလို့ငါလဲ? '

မရမှန်းသိပေမယ့်လည်းလက်တွေကိုရုန်းကန်မိနေဆဲ။တချွင်ချွင်မြည်နေသောကုတင်နဲ့သံ​ကြိုးပွတ်တိုက်သံများကတိတ်ဆိတ်နေသောပတ်ဝန်းကျင်ကိုဆူညံမှုတွေပြုလုပ်ပေးနေသည်။

ထိုအချိန်တဒေါက်ဒေါက်နဲ့ဖိနပ်အသံကိုကြားလိုက်ရသည်နှင့်သူမပြန်ငြိမ်သက်နေလိုက်သည်။ထိုနောက်ကုတင်ဘယ်ဘက်အခြမ်းမှတံခါးပွင့်လာပြီးလူတစ်ယောက်ကိုတွေ့လိုက်ရသည်။မျက်နှာကိုတော့သေချာမမြင်ရသေး။ထိုလူကအခန်းမီးကိုဖွင့်လိုက်သည်နှင့်သူမမျက်လုံးသို့အလင်းများစူးခနဲဝင်ရောက်လာတော့မျက်လွှာများကိုချက်ချင်းပြန်ချလိုက်သည်။

" OHH! အိန်ဂျယ် ဘာလို့ရုန်းကန်ထားတာလဲ ကျွတ်..ကျွတ် လက်မှာသွေးတောင်ထွက်နေပြီ "

𝐍𝐨 𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞 ! || 𝐏𝐉𝐌Where stories live. Discover now