အခန်း (၃၈)/(ခ)

Start from the beginning
                                    

တစ်အောင့်လောက်ကြာပြီးနာက် ပေ့သိုအခန်းထဲသို့ ကွတကွတဖြင့်သူမ ပြန်၀င်လာပြန်သည်။

"အကိုကြီး...ခုနက ကျွန်မကိုပေးလိုက်တာ ဘာဆေးလဲဟင်?" ရန်ရှီးနဥ်မေးလိုက်သည်။

"၀မ်းနှုတ်ဆေးလေ"

ရန်ရှီးနဥ်ရော သူမအစာအိမ်လေးရော ဆွံ့အသွားကြသည်။ ပေ့သိုကတော့ ရန်ရှီးနဥ်တစ်ယောက်ဘာကိစ္စ ၀မ်းနှုတ်ဆေးလိုချင်ရသလဲဟု တွေးနေတော့သည်။

နောက်ဆုံးတွင်တော့ သတို့သားရော သတို့သမီးရော နန်းတော်သို့ ရောက်လာကြတော့သည်။ အိမ်ရှေ့မင်းသားက ​ေဖ့ကျင်းကို အေးစက်စက်သာပြုံးပြသော်ငြား ဖေ့ကျင်းကတော့ သူ့မင်္ဂလာပွဲနေ့တုန်းကလို ပြုံးရွှင်နေတော့သည်။

သတို့သမီးအ၀တ်အစားများ ကူညီနေသည့် ရန်ရှီးနဥ်ကိုကြည့်ရင်း သူတို့မင်္ဂလာပွဲနေ့ကို သတိရသွားမိသည်။

ရန်ရှီးထျင်ကို အိမ်ရှေ့မင်းသားခေါ်သွားပြီးသည့်နောက် သူ့ဘေးတွင်လာရပ်သော ရန်ရှီးနဥ်ကို သူတိုးတိုးလေးကပ်ပြောလိုက်၏။
"မိန်းမ...ကိုယ်တို့လည်း ညကျရင် မင်္ဂလာဦးည လုပ်ကြမယ်လေ"

ရန်ရှီးနဥ်က သိမ်သိမ်မွေ့မွေ့လေးဖြင့် ဖေ့ကျင်းခြေထောက်ကိုဆောင့်နင်းပစ်လိုက်သည်။ ထို့နောက် စိုးရိမ်ဟန်ပြုနေသော မင်းသမီးခန်းဟွာကို ပြုံးပြလိုက်သည်။

ဘုရင်မင်းမြတ်နှင့်မိဖုရားခေါင်ကြီးကတော့ တစ်တန်းထဲတွင်ထိုင်နေကြသည်။ ဘုရင်ကြီးက မျက်မှောင်ကျုံ့နေသလောက် မိဖုရားခေါင်ကတော့ အပြုံးပန်းတွေ​ေ၀နေသည်။

ဖေ့ကျန်းတစ်ယောက်နားချင်သော်ငြား အိမ်ရှေ့မင်းသား မင်္ဂလာပွဲမို့ မုမိဖုရားဘေးတွင် အားနည်းနေဟန်ဆောင်၍ နေနေသည်။

မုမိဖုရားကတော့  ဖေ့ဝမ်ချိုင်ကို သူမပေါင်ပေါ်တွင်တင်ထားရင်း
"ဝမ်ချိုင်...ဘွားဘွားပြောထားတာကို မှတ်မိတယ်မလား"

ဖေ့ဝမ်ချိုင်ကတော့ သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ဖေ့ကျန်းကိုကြည့်ရင်း အလုပ်များနေတော့သည်။
"ဟုတ်ကဲ့ ဘွားဘွား"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now