ep(3)

1.7K 125 0
                                    

နူးညံ့စွာ..သိမ်းပိုက်တက်သော
❤❤❤❤❤❤❤
Les story part..(3)

ပရယ်တီကယ်လ်ပြီးချိန်တွင်..ထက်ထက်ဖြိုးကျော်က..ပိုးသံစဉ်ကို အနားသို့ရောက်လာသည်...ဟိုလေးယောက်ကတော့..ခပ်လှမ်းလှမ်းမှစိတ်ဝင်စားစွာအကဲနေလျှက်...

''ရော!´´

ပိုက်ဆံ တစ်သောင်းတန်တစ်ရွက်ကို......ပိုးသံစဉ်ကို ကိုကမ်းပေးလိုက်သည်...ပိုးသံစဉ်ကို စူးရဲသောမျက်လုံးအစုံဖြင့်..ထက်ထက်ဖြိုးကျော် ကိုကြည့်ကာ...

''ဘာလုပ်တာလဲ...´´

''နင့်ဖိနပ်..ပြန်ဝယ်ဖို့လေ..ဒီပိုက်ဆံကနင်အခုစီးနေတဲ့ဖိနပ်မျိုးနောက်ထပ်လေးရံလောက်ဝယ်လို့ရပါတယ်..´´

''မလိုပါဘူး...နင့်မှာပိုက်ဆံသိပ်ပေါနေရင်ကျောင်းရှေ့မှာလိုက်တောင်းနေတဲ့ကလေးတွေကိုပေးလိုက်..´´

  ''ဒီမှာ...ဖြိုးကျော်...နင်ကတော်တော်ရယ်ရတယ်နော်...ငါ့သူငယ်ချင်းကိုဘာ့ကြောင့်အနှောက်ယှက်လိုက်ပေးနေရတာလဲ..´´

ဆိုင်ဆာကမနေနိုင်စွာဝင်ပြောလိုက်ခြင်းပင်ဖြစ်သည်...

''နင်နဲ့ဘာမှမဆိုင်ပါဘူး...ဒါငါ့ကိစ္စ..ဘာလဲငါကနင်တို့နဲ့လိုက်ပက်သက်နေတယ်လို့ထင်လို့လား..ဆုတောင်းလေ...ဝေးသေး...
ပိုက်ဆံ ကိုလက်မခံရင်လည်းပြီးတာပဲလေ...´´
ပြောပြီးပိုက်ဆံကိုအိတ်ထဲထည့်ကာဟိုလေးယောက်နားသို့ထွက်ခဲ့လိုက်သည်...

''ဒီမိန်းမတော်တော်တရားလွန်နေပြီဆိုင်ဆာရယ်...တကယ့်အကုသိုလ်ပဲ..´´

''ဟုတ်တယ်...´´

  ''ဒါနဲ့နင်နဲ့သူကဘာဖြစ်လို့မတည့့်ကျတာလဲဟင်´´

''ငါတို့ဘိုးဘွားတွေလက်ထပ်ကတည်းကသူတို့မိသားစုနဲ့ငါတို့မိသားစုကမတည့်တာ..ခြံကိစ္စလို့တော့ပြောတာပဲငါလည်းသေချာမသိပါဘူး...သူနဲ့ငါကလည်းငယ်ငယ်ကတည်းတယောက်နဲ့တယောက်ကြည့်မရတာ..အခုထိပဲ...´´

ဆိုင်ဆာကြည့်မရတာလည်းမပြောနဲ့လေအခုမှတွေ့မြင်ဖူးတဲ့သူမတောင်ဒီလောက်ကြည့်မရဖြစ်နေတာ....ဘယ်လိုရေစက်မှန်းကိုမသိတာ...အခုလည်းသူမဖိနပ်ကိုတမင်နောက်ကတက်နင်းတာအသ်ိသာကြီး.....

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now