''မြန်မြန်လာကြပါဟ...ဗိုက်ဆာနေပြီ´´

အသံရှင်တွေကိုသူမတို့နှစ်ယောက်ကြည့်စရာမလိုပဲမှတ်မိနေပါသည်...တကယ့်ကိုမျက်စိဆံပင်မွှေးစူးတဲ့အုပ်စု...သူမတို့စားပွဲဘေးမှ ဖြတ်ပြီးဆိုင်ထဲသို့ဝင်သွားကြသည်....ဆိုင်ဆာက...
 
''ကျစ်!မတွေ့ချင်ပါဘူးဆိုမှလာတွေ့ပြန်ပြီနော်´´

စိတ်ပျက်စွာညည်းလိုက်သည်...

''ရွှေစိန်တို့ကိုပြောတာလား´´

ဆိုင်ဆာကမုန့်ညှင်းချည်ကိုတူနဲ့ညှပ်ပြီးဝါးရင်း..

''အင်း...ရွှေစိန်တို့ကိုအဲ့လောက်မဟုတ်ပါဘူးဟယ်...အသစ်ရောက်လာတဲ့တယောက်ကိုပြောတာ...ငါနဲ့ငယ်ငယ်ကတည်းကမတည့်တာ...မတည့်ပါဘူးဆိုတကျောင်းတည်းတစ်မေဂျာတည်းလာဖြစ်နေရသေးတယ်..ဒီလိုမှန်းသိရင်chemistryငါမယူခဲ့ပါဘူး.´´

''နင်မပြောနဲ့ငါတောင်ကြည့်မရတာ..ငါကျောင်းသွားအပ်တဲ့နေ့တုန်းက..ငါ့ကိုမာရေကျောရေနဲ့...ကျောင်းသား ရေးရာကိုလာမေးတာလေ...ငါလည်းအမြင်ကပ်ကပ်နဲ့..အီးမေဂျာဌာနဘက်ကိုညွန်ပေးလိုက်တယ်...´´

သူမစကားကိုဆိုင်ဆာသဘောကျသွားသညိ....

''ကောင်းတယ်..ဒါပေမဲ့ နင့်ကိုတော့ကြည်မှာမဟုတ်ဘူး..ဟီးဟီး´´

''မကြည်လည်းဘာဖြစ်လည်းဂရုမစိုက်ပါဘူး...´´
ထမင်းစားပြီးဒိန်ချည်ကိုပိုက်နဲ့စုပ်သောက်လိုက်သည်...ဆိုင်ထဲမှာတော့ဟိုအုပ်စုရဲ့အသံကဆူညံနေသည်...

''အဲ့ဒိထက်ထက်ဖြိုးကျော်ကမနှစ်ကပင်လုံမှာတက်ပြီးအခုမှဘာစိတ်ရူးပေါက်ပြီးဒီပြောင်းလာလည်းမသိပါဘူး...´´

''ထက်ထက်ဖြိုးကျော်.. ဟွန့်နာမ်မည်ကလဲ..ဘယ်လိုကြီးလည်းမသိဘူး...ကဲပါမြန်မြန်စားသွားမယ်´´

သူမတို့စားပြီးတော့ပိုက်ဆံမြန်မြန်ရှင်းကာဆိုင်ထဲမှထွက်ခဲ့သည်....

''ဘယ်ညာ...ဘယ်ညာ..´´

ဆိုင်ထဲမှလှမ်းအော်သံကိုကြားပေမဲ့သူမတို့ဂရုမစိုက်....အောင်ဟိန်းနဲ့ပန်ဖဆိုသောမျက်နှာရူးနှစ်ကောင်ရဲ့အသံတွေပင်ဖြစ်သည်...
အတန်းချိန်ပြီးတော့ဆိုင်ဆာကဆိုင်ကယ်နဲ့အိမ်ကိုပြန်လိုက်ပို့ပေးသည်...

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now