''ဟိတ်!ဘာကြောင်ကြည့်နေတာလည်း..ကျောင်းသားရေးရာကဘယ်မှာလဲ..´´

စကားပြောတာကလည်းထောင့်မကျိုးမာရေကျောရေနဲ့..သူကလည်းမေးသေး..

သူမအမြင်ကပ်စွာနဲ့...အင်္ဂလိပ်စာဌာနဘက်ကိုလက်ညိုးထိုးပြလိုက်သည်.....သူမကိုတချက်စိုက်ကြည့့်ပြီးချာခနဲထွက်သွားပါသည်...သူ့အကြည့်တွေကမတူသလိုမတန်သလိုနဲ့....ပိုသံစဉ်ကိုနှုတ်ခမ်းက်ိုတချက်မဲ့လိုက်ပြီးကျောင်းသားရေးရာဘက်သို့လျှောက်ခဲ့သည်.....။

practicalအခန်းထဲတွင်..လူစုံနေပြီဖြစ်သည်...စကားသံတွေဆူညံလျှက်...ပထမဦးဆုံးနေ့မို့အခုမှသူငယ်ချင်းများပြန်ဆုံသည့်အတွက်စကားများပြောမကုန်အောင်ဖြစ်နေကြသည်......
ထက်ထက်ဖြိုးကျော်တို့အုပ်စုဆီမှရယ်သံများဆူညံလျှက်....အားလုံးငါးယောက်...ထက်ထက်ဖြိုးကျော် ကအခုဒီကျောင်းကိုပြောင်းလာသောကျောင်းသားသစ်ဆိုပေမဲ့...ရှိန်မနေ...ပါ....ရှိန်စရာလည်းအကြောင်းမရှိ...အခုသူမတို့ငါးယောက်အုပ်စုမှာလဲချားမှာတမြို့တည်းနေသောငယ်သူငယ်ချင်းများဖြစ်သည်..သူမသာဆယ်တန်းအောင်တော့ပင်လုံတက္ကသိုလ်မှာကျန်ခဲ့ပြီးကျန်တဲ့...နန်းခမ်းစံ...နန်းရွှေစိန်..စိုင်းအောင်ဟိန်း...စိုင်းပန်ဖ..တို့ကတောင်ကြီးတက္ကသိုလ်မှာတက်ကြတာဖြစ်သည်...အခုတောင်ဖွားဖွာကိုအတင်းပူဆာပြီးကျောင်းပြောင်းလာခဲ့ရတာ...မဟုတ်ရင်ဖွားဖွားရဲ့...ငါ့မြေးလေးနဲ့မခွဲနိုင်ဘူးဆိုသောအကြောင်းပြချက်ဖြစ်ပင်လုံမှာ..အထီးကျန်စွာနေရမဲ့ဖြစ်ခြင်း......

  ''ဟိတ်!ငါတို့ညကျရင်ဘုရားသွားရအောင်လေ..´´
နန်းခမ်းစံက...အစပျုိးတော့အားလုံးမှာတိုင်ပင်ထားသည့်အလားပြိုင်တူခေါင်းညိတ်ကြသည်....အောင်ဟိန်းကနာရီကိုကြည့်ပြီး...

''ဟွန်း...တီချယ်ကကြာတာမဝင်သေးဘူးလားမသိဘူး...´´

အောင်ဟိန်းအပြောကြောင့်အားလုံးကတံခါးဝသို့အကြည့်ရောက်သွားကြသည်....သူတို့မျှော်နေသောတီချယ်ကဝင်မလာဘဲကောင်မလေးနှစ်ယောက်အလောတကြီးဝင်လာတာကိုတွေ့လိုက်ရသည်...နန်းဆိုင်ဆာ...သူမ၏ရန်သူတော်ကြီးနဲ့နောက်တယောက်က

နူးညံ့စွာ သိမ်းပိုက်တတ်သောWhere stories live. Discover now