Kelvin ​တောင်မှ သစ္စာ​ဖောက်ကိစ္စတူတူရှင်းရင်းက​နေ ပါလာခြင်းဖြစ်သည်။

​ဂျစ်တူးကို ​ခေါ်ပြီးတာနဲ့ ကား​ပေါ်က ကန်ချဖို့ ​တွေးထားပြီးသား ...

အခု​တော့ ​ဘေးတွဲ​လေးပါ​နေတဲ့ အပြင်ကို ထို​ကောင့်ဆီကပါ ​လှောင်ခံ​နေရပြီမဟုတ်လား....

စိတ်တိုတိုနဲ့ ကား​သော့ကို လှမ်းပစ်လိုက်​တော့ လှမ်းဖမ်းပြီးမှ ​ကြောင်​တောင်​တောင်ကြည့်သည်။

" ဒါက ဘာသ​ဘောတုန်း "

" မင်း​မောင်းလိုက် "

" အိုး!!... ​စော​စောက​ပြော​တော့ ငါ့ကို ပြန်​တော့ဆို ? "

" ငါ ၂ခါ​ပြောရမှာလား "

" အို​ခေ အို​ခေ Bro!...  ငါ သိပါပြီကွာ! "

လက်​တွေကို​မြှောက်ကာ အရှုံး​ပေးဟန်လုပ်ပြ​နေ​ပေးမယ့် စပ်ဖြဲဖြဲမျက်နှာက​တော့ ​လှောင်​နေတာအသိသာကြီးပင်။

ခဏကြာ​တော့ Kyung Soo က ​ကျောပိုးအိတ်ကိုလွယ်ကာ ပြန်ထွက်လာသည်။

အဝတ်အစားလည်း လဲခဲ့​သေးသည့်ပုံပင်။

အနား​ရောက်လာတဲ့ ဂျစ်တူးက ရယ်ပြကာ သွားကြမယ်​လေ ဟုဆိုလာတာ​ကြောင့် ကား​နောက်ခန်း တံခါးကို ဖွင့်​ပေးလိုက်ကာ ဂျစ်တူးဝင်ပြီး​နောက် သူပါ လိုက်ဝင်လိုက်သည်။

Kelvin က ထိုအချင်းအရာကို ကြည့်ကာ ရယ်​နေပြီးမှ ​ရှေ့တံခါးကို ဖွင့်​​ပေးကာ ​ဘေးတွဲ​လေးကို ဝင်ခိုင်းလိုက်​တော့ ​ကောင်​လေးက ပြူးကြည့်​နေ​​သေးသည်။

" ​ရော်... ​​ကောင်ငယ်​လေး..  မင်းကပါ ​နောက်ခန်းထဲ ထိုင်ပြီး တတိယဘီး​လေး ဖြစ်ချင်​နေ​သေးတာလား​နော်.... လာပါ... ဝဋ်ဆိုတာ ​ကြောက်ဖို့​​ကောင်းပါတယ် .. အကိုကြီးနဲ့ အတူတူ​ရှေ့မှာ ထိုင်လိုက်​နော် "

" ​အော..  "

ထို​တော့မှ ဝင်ထိုင်လိုက်တဲ့  ​ကောင်​လေးကို Jongin လူကြီးတန်မဲ့ ကား​ပေါ်က ကန်ချခဲ့ချင်သည်။

ပြီး​တော့ ဟို ​လှောင်​နေတဲ့ ​ကောင်ကို​ရောပဲ ...  ။

_____________________

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now