အပိုင်း၂

Start from the beginning
                                    

ရိပေါ်၏ထောက်ခံမှုကြောင့် ဤဇာတ်လမ်း၌ပါဝင်ခဲ့သောရှောင်ကျန့်ကိုလူတိုင်းကသိပ်မမျှော်လင့်ခဲ့ကြပေ။တစ်လောကလုံးနှင့်တစ်ယောက် ဖြစ်နေသည့်ခံစားချက်ကို ရှောင်ကျန့်ပုံမဖော်နိုင်မည်ကိုစိုးရိမ်ခဲ့ကြသော်လည်းရှောင်ကျန့်သည် ထိုခံစားချက်ကိုနားလည်သရုပ်ဖော်နိုင်ခဲ့ပြီး ဝူရှန်းတောင်သခင်အပေါ်အပြည့်အဝနားလည်နေသည်ကို ဒါရိုက်တာနှင့်စာရေးဆရာ အံ့သြခဲ့ရသေးသည်။

ရှောင်ကျန့်ကိုကြိုးတွေတပ်ကာအဆင်သင့်ပြင်ပြီးနောက် ဇာတ်လမ်းရိုက်ကွက်နေရာ ခေါင်မိုးပေါ်သို့ဆွဲတင်လိုက်သည်။တစ်ဖက်ကပြိုင်ဘက်နေရာတွင်သရုပ်ဆောင်မည့် သူမှာတတိယတန်းစားသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဤဇာတ်လမ်းတွင်ဝူရှန်းတောင်သခင် အားနောက်မှ ဇွဲနပဲနှင့်လိုက်သတ်မည့် မူဟွဆိုသောဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရန်နေရာရခဲ့သည်။ တစ်ဖက်က သရုပ်ဆောင် ယွီပင်းသည်လည်း အဆင်သင့်ဖြစ်သွားသည်နှင့် ဒါရိုက်တာက ကင်မရာပြင်ကာအော်လိုက်သည်။

"Action"

ယွီပင်းတစ်ဖြစ်လည်းမူဟွမျက်နှာကိုမဲ့လိုက်သည်။သူ၏ဓားကိုဆွဲထုတ်လိုက်ပြီးပွတ်သပ်လိုက်ကာ တစ်ချိန်က လူလေးစားရာ ဖြစ်ခဲ့တဲ့ထိုသူကိုရွဲ့တိရွဲ့တဲ့ပြောလိုက်၏။

"ဝူရှန်းတောင်သခင် ရဲ့စိတ်ဓာတ်ကအခုလိုဆိုးယုတ်သွားခဲ့တာ ကျွန်တော် ခင်ဗျားအစားရှက်မိပါတယ်"

တစ်ဖက်ကသူရဲ့မျက်နှာမှာတည်ငြိမ်နေလျက်။သူ၏ဓားကိုသာမြှောက်လာပြီး

"အပိုတွေမပြောတော့ပဲ လက်ရည်ပဲယှဥ်ရအောင်ပါ"

အဖြူရောင်သာဝတ်ဆင်ထားတဲ့ ဝူရှန်းတောင်သခင်ကဆိုလာတယ်။

မူဟွ ချက်ချင်းကို တစ်ဖက်ကသူဆီပြေးဝင်သွားလိုက်သည်။အဖြူရောင်ပုံရိပ်နှင့်အညိုရောင်ပုံရိပ်မှာ ရောယှက်သွားပြီး  တစ်ဖက်ကိုအသာစီးရအောင်ဟာကွက်များရှာနေခဲ့ကြသည်။

ထိုအချိန်တွင် မူဟွနေရာသရုပ်ဆောင်သောယွီပင်းမှာရုတ်တရပ်ခြေချော်သွားသည်။ခေါင်မိုး အုတ်ကြွပ်တစ်ချပ်မှာချော်ထွက်သွားပြီး အောက်ဘက်ရှိလူများ အမြန်ရှောင်လိုက်ရသည်။

The Rule Of The HeartWhere stories live. Discover now