Ep.4

287 9 0
                                        

ရှောင်းကျန့် အိပ်မက်ဆိုးမက်လို့ တုန်လှုပ်နေတုန်း နောက်များဖြစ်မလားလို့ သူစိုးရိမ်နေတယ်... အိပ်မက်ထဲမှာ မောင့်ကိုသွေးတွေအများကြီးနဲမြင်ခဲ့ရတာက သူ့နှလုံးတည့်တည့်ကိုဓားနဲ့ အစိမ်းလိုက် အချက်ပေါင်းများစွာ ထိုးနေသလိုပဲ...

ရှောင်းကျန့် မောင့်ဘက်လှည့်ကြည့်မိတော့ မောင်က မရှိတော့...

" မောင်... မောင်ရေ... မင်းရေချိုးခန်းထဲမှာလား... မောင်..."

ရှောင်းကျန့် ရိပေါ်ကိုခေါ်ရင်း ရေချိုးခန်းကိုသွားကြည့်တော့လည်း ဘလာကျင်းနေတဲ့ရေချိုးခန်းကိုသာတွေ့ရတယ်...

" ဟင် ဒီမှာလည်း မရှိပြန်ဘူး... အောက်မှာများလားမသိဘူး... မောင်... မောင် အောက်ထပ်မှာလား... "

အောက်ဆင်းပြီးသွားကြည့်ပြန်တော့လည်း မရှိ...

" ရုံးသွားပြီလားမသိဘူး... "

နာရီကိုကြည့်မိတော့... အခုမှ ၆နာရီထိုးပြီးကာစ...

" ဟမ် ဒီလောက်အစောကြီးတော့ ရုံးမသွားလောက်ဘူးထင်တယ်... ဘာအရေးကြီးကိစ္စရှိနေလို့လဲ... ငါ့ကိုတောင်မပြောသွားဘူး..."

ရှောင်းကျန့် ခနငြိမ်သွားပြီး..

" အဟက် ဒီလိုမပြောဘဲသွားတာ ဘယ်နခါရှိပြီမို့လို့လဲ... သူငါ့ကိုအရေးမလုပ်တော့တာတော်တော်ကြာပြီကို... ငါကလည်းအထူးအဆန်းလုပ်လို့... အဟက်..."

နာကျင်စရာကောင်းတဲ့ အမှန်တရားကို သတိရမိတဲ့အခါ မျက်ဝန်းအိမ်ထဲက ခမ်းလုနီးနီးမျက်ရည်တွေက သူကျခွင့်မပေးတာတောင် ဘယ်သူ့အားကိုးနဲ့ ကျလာတာပါလိမ့်... သူ့မျက်ရည်တောင် သူ့ကိုအဖတ်မလုပ်‌တော့ဘူးပဲ...

" ငါမင်းကိုချစ်ရတာ အရမ်းပင်ပန်းလာပြီမောင်..."
..............................................

ရှောင်းကျန့် ဘယ်မှလည်းမထွက်ဖြစ်သလို... ဘယ်သူနဲ့မှလည်း မတွေ့မိ... အိမ်ထဲမှာသာ ရိပေါ်အလာကိုမျှော်နေမိတယ်...

ဒီအိမ်ထဲမှာပဲ သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ... သူတို့နှစ်ယောက်ရဲ့အချစ်တွေ... ‌သူ့ရဲ့ ပျော်ရွှင်မှု... တစ်နည်းပြောရရင် မောင့်ရဲ့အငွေ့အသက်တွေနဲ့ပြည့်နေတဲ့နေရာ... ဒီအိမ်ကြီးကသာသူ့ရဲ့ဘဝတစ်ခုလုံးပဲ...

💚Into The Unknown 💚(Complete)Where stories live. Discover now