" မပြောတတ်ဘူးလေ မောင်တခြားလူအကြောင်းတွေးတယ်လို့သိတဲ့နေ့ မောင့်ကိုငါအရင်သတ်မှာ၊ ငါတစ်ကိုယ်ကောင်းဆန်တတ်တယ် မောင် "

အတည်ပေါက်နဲ့ပြောလာသူအား သီဟစနောက်ဖို့မစဉ်းစားတော့ပေ။

" မောင့်တစ်ယောက်ထဲကိုပဲ တစ်ကိုယ်ကောင်းဆန်ပါ သဲငယ်၊ မောင့်ရဲ့အသက်ကိုလည်း သဲငယ်စီအပ်နှံထားပြီးပြီမို့ ကြိုက်တဲ့ချိန် သတ်လို့ရတယ်"

" မောင်သိလား ငါစိတ်ထဲမှာ အရမ်းမွန်းကြပ်တယ် "

သီဟ သိပါ၏။ ထုတ်ပြောလာမည့်အချိန်ကိုစောင့်နေခြင်းသာ။ မျက်နှာလေးနွမ်းလျနေတဲ့ချစ်ရသူက အရင်ကနဲ့မတူ။

" မောင်သိတယ်၊ မောင့်နားကိုလာ "

ထိုင်နေကာမှအနားကိုတိုးကပ်သွားပြီး လက်ကိုဖွဖွကိုင်ကာ

" အချစ်စိတ်ပူရမယ့်အရာတွေ ထပ်ဖြစ်လာမှာမဟုတ်ပါဘူး။ ရှိလာခဲ့ရင်လည်း မောင်က အပြည့်အဝကာကွယ်ပေးပါ့မယ်"

" မောင့်အသက်နဲ့လောင်းကြေးထပ်နေတာမလွန်လွန်းဘူးလား မောင် "

" မလွန်ပါဘူးကွာ၊ သဲငယ်ရဲ့အရာရာတိုင်းမှာ မောင်ပဲရှိချင်တာ "

မောင်ရဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့လက်နဲ့အပြုံးက စိတ်ချလို့ရသည်ဆိုသောအနေအထားကို ရည်ညွှန်းနေသည်။

.....................

" ဆင်းရအောင်ကွာ နော် "

" မရဘူးဆိုမရဘူးပဲ "

" သဲငယ်ကွာ"

ဆေးရုံမှာ နေရသည်မှာ တစ်ပတ်ပင်ပြည့်နေပြီမို့ သီဟမနေချင်တော့။အိမ်မှာသာပြန်နေမည်ဟုပြောတော့ လုံးဝလက်မခံတဲ့ချစ်ရသူ။

" မောင် ငါခွင့်မပြုဘူးပြောပြီးပြီနော် "

" မောင်နေကောင်းနေပြီလေကွာ၊ ဒီမှာနေရတာ ကျဉ်းကြပ်တယ် "

" မောင်! "

အသံကိုအနည်းငယ်မာအောင်လုပ်ပြီး ပြောလိုက်တော့

" ဟုတ်ပြီ ဟုတ်ပြီ မောင်မပြောတော့ဘူး "

" ဘာလဲ စိတ်ဆိုးတာလား မောင်"

မောင့်မူပိုင် (Completed) Where stories live. Discover now