သီဟမှာတော့ ထွဋ်ခေါင်အပြင်သွားမည်ဟုပြောကတည်းက လေးလံနေတဲ့စိတ်ကြောင့်စိတ်မချနိုင်ဖြစ်နေသည်။ လိုက်ရင်လည်းစိတ်ဆိုးဉီးမည်မို့ ချစ်ရသူ သူ့ကြောင့်စိတ်ညီးညူသွားရတာမျိုးမဖြစ်စေချင်ပါ။ ဒါကြောင့်အလျှော့ပေးကာ နေခဲ့ခြင်းဖြစ်သည်။

" မောင် ငါ နိုင်ငံရပ်ခြားသွားတာမဟုတ်ဘူးနော် မင်းရုပ်ကိုပြင် "

" အင်းပါ "

" ငါသွားပြီ"

ကိုယ်တိုင်ကားမောင်းကာထွက်သွားပြီးသည်အထိ မျက်စိတဆုံး သီဟကြည့်နေမိသည်။

တကယ်တော့ ထွဋ်ခေါင်ဟာ မိဘအိမ်ကိုပြန်သွားခြင်းမဟုတ်။ တစ်စုံတစ်ယောက်ရဲ့ချိန်ဆိုမှုကြောင့်တစ်ဉီးတည်းသွားတွေ့ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မင်းမြတ်စိုးရဲ့ [ သီဟမင်းထင်ကို ဘာမှမဖြစ်စေချင်ရင် တစ်ယောက်တည်း ပို့ပေးလိုက်တဲ့နေရာကို လာခဲ့ပါ။ ] ဆိုတဲ့စကားကြောင့် တစ်ကိုယ်တည်းထွက်လာခဲ့ခြင်းဖြစ်သည်။ ဘဝမှာ ပထမဆုံးချစ်မိခဲ့သူအား ထိခိုက်သွားမှာကို ထွဋ်ခေါင်မလိုလား။

ချစ်သောစိတ်ကြောင့် ချစ်ရသူကို မထိတထိ တိုက်ခိုက်လာသူတွေကို ထွဋ်ခေါင်မကျေမနပ်ဖြစ်ရသည်။ အခုလိုသွားသည်ကိုသီဟသာသိခဲ့ရင်ရန်ဖြစ်ရဉီးမည်ကိုတွေးမိကာ ထွဋ်ခေါင်ပြုံးလိုက်သည်။သို့သော်လည်း သီဟကသူ့ကိုအလျှော့ပေးမည်ဆိုသာသိပြီးသားဖြစ်၏။

* မောင်က ငါ့အပိုင် *

........................

ချိန်းဆိုထားတဲ့နေရာက တခြားနေရာတော့မဟုတ် အိမ်နေရာတစ်ခုဖြစ်တာကြောင့်သတိထားဖို့လိုလာပြီးဆိုတာ ထွဋ်ခေါင်တန်းသိလိုက်၏။

ထိုအိမ်ရဲ့ခြံဝန်းထဲကားရပ်လိုက်ကာ ပတ်ပတ်လည်ကိုကြည့်မိတော့ ကိုယ်ရံတော်ဟုထင်ရသောလူနှစ်ယောက်ထွဋ်ခေါင်နားရောက်လာသည်။

" အထဲမှာ Boss စောင့်နေပါတယ်"

ခေါင်းညိတ်ခေါင်းခါခြင်းဘာမှမပြုပဲ အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းထဲခြေချိတ်ကာထိုင်နေသော မင်းမြတ်စိုးကိုတွေ့လိုက်ရသည်။

မောင့်မူပိုင် (Completed) Where stories live. Discover now